စျေးကွက်အတွင်း၌ ဆေးဝါးမှတ်ပုံတင်မရှိသော Benda 500 နှင့် Sara Suspension အပါအဝင် ဆေး(၄)မျိုးကို ရောင်းချမှုများရှိနေဟု FDA သတိပေး
Pearl (NSS) - ဒီဇင်ဘာ ၁၉
စျေးကွက်အတွင်း၌ ဆေးဝါးမှတ်ပုံတင်မရှိသော Benda 500 Tablet နှင့် Sara Suspension အပါအဝင် ဆေး(၄)မျိုးကို ရောင်းချမှုများရှိနေကြောင်း FDA က သတိပေးထုတ်ပြန်ထားသည်။
အစားအသောက် နှင့် ဆေးဝါးကွပ်ကွဲရေးဦးစီးဌာန (FDA) က ယနေ့ (ဒီဇင်ဘာလ ၁၉ ရက်)တွင် အသိပေး ထုတ်ပြန်ထားခြင်းဖြစ်သည်။
FDA အနေဖြင့် စျေးကွက်အတွင်းရှိ ဆေးဝါးများကို ပုံမှန်စစ်ဆေးလျက်ရှိရာတွင် အရည်အသွေး၊ အာနိသင်၊ ဘေးအန္တရာယ် အာမခံချက်မရှိသည့် ဆေးဝါးမှတ်ပုံ တင်မရှိသော ဆေးဝါးများကို စျေးကွက်အတွင်း ရောင်းချနေခြင်းအား တွေ့ရှိရကြောင်း ဆိုသည်။
ထိုသို့ တွေ့ရှိရသဖြင့် ပြည်သူများ သတိပြုနိုင်ရန် နှင့် သုံးစွဲခြင်းမှရှောင်ကျဉ်နိုင်ရန် မှတ်ပုံတင်ရှိသောဆေးဝါးနှင့် တရားမဝင်ဆေးဝါးများကို FDA က နှိုင်းယှဉ်အသိ ပေးထုတ်ပြန်ထားသည်။
FDA မှ အသိပေးထုတ်ပြန်ထားသည့် တရားမဝင်ဆေးဝါးများတွင် Benda 500 Tablet, TIFFY DEY Tablet, Sara Suspension (Strawberry) နှင့် Sara For Children Suspension (Orange) တို့ပါဝင်ကြောင်း သိရသည်။
တရားမဝင်တင်သွင်းထားသော Benda 500 Tablet ၏ Bar Code သည် 8851473001191 ဖြစ်ပြီး မြန်မာနိုင်ငံတွင် ဆေးဝါးမှတ်ပုံတင်အမှတ်မရှိခြင်း၊ Insert Sheet တွင် မြန်မာစာဖြင့်ရေးသားဖော်ပြထားခြင်းမရှိကြောင်း သိရသည်။
တရားဝင်တင်သွင်းထားသော Benda 500 Tablet ၏ Bar Code သည် 8851473004123 ဖြစ်ပြီး ဆေးဝါးမှတ်ပုံတင်အမှတ်သည် MM Reg . No R250 7AA 2814 နှင့် Insert Sheet တွင် မြန်မာစာဖြင့် ရေးသားဖော်ပြထားကြောင်း သိရသည်။
အလားတူ တရားမဝင်တင်သွင်းထားသော TIFFY DEY Tablet ၏ Bar Code သည် 8851473007704 ဖြစ်၍ ဆေးဝါးမှတ်ပုံတင်အမှတ်မရှိခြင်း၊ ဆေးဘူး နှင့် ဆေးကဒ်တို့တွင် မြန်မာစာဖြင့်ရေးသားဖော်ပြထားခြင်းမရှိကြောင်းသိရပြီး တရားဝင်တင်သွင်းထားသော TIFFY DEY Tablet ၏ Bar Code သည် 8851473009678 ဖြစ်၍ ဆေးဝါးမှတ်ပုံတင်အမှတ် MM Reg . No R2609 AA 3580 နှင့် ဆေးဘူး နှင့် ဆေးကဒ်တို့တွင် အင်္ဂလိပ်စာ၊ မြန်မာစာ (၂)မျိုးဖြင့် ရေးသားဖော်ပြထားကြောင်း သိရသည်။
ထို့ပြင် တရားမဝင်တင်သွင်းထားသော Sara Suspension (Strawberry) နှင့် Sara For Children Suspension (Orange) တို့တွင် ဆေးဝါးမှတ်ပုံတင်အမှတ်မရှိခြင်း နှင့် ဆေးဘူး နှင့် Insert Sheet မြန်မာစာဖြင့်ရေးသားဖော်ပြထားခြင်းမရှိကြောင်း သိရသည်။
တရားဝင်တင်သွင်းထားသော Sara Suspension (Strawberry)၏ ဆေးဝါးမှတ်ပုံတင်အမှတ်သည် MM Reg . No R2402 AA 1167 ၊ Sara For Children Suspension (Orange) သည် MM Reg . No R2103 AA 2933 ဖြစ်ပြီး ဆေးဘူး နှင့် Insert Sheet တို့တွင် အင်္ဂလိပ်စာ နှင့် မြန်မာစာ (၂)မျိုးဖြင့်ရေးသားဖော်ပြထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရွေးကောက်ပွဲကျဉ်းပစဉ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ အာရပ်နွေဦးပုံစံ လှုပ်ရှားမှုပေါ်ပေါက်လာစေရန် အမေရိကန်ဖန်တီးနေဟု ရုရှားစွပ်စွဲ
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ