KIA အဖွဲ့ဝင်များအနေဖြင့် တာလောကြီးကျေးရွာရှိ ရှမ်းနီလူမျိုးများကို စစ်ဘေးရှောင်ခွင့်မပေးဘဲ ဖိနှိပ်ကန့်သတ်နေဟု SNUA ပြော
ကျော်(NSS) - ဒီဇင်ဘာ ၁၉
မြစ်ကြီးနားမြို့နယ်၊ တာလောကြီးကျေးရွာတွင် KIO / KIA အဖွဲ့ဝင်များစခန်းချနေထိုင်လျက်ရှိပြီး ကျေးရွာနေကချင်လူမျိုးများကို ဒီဇင်ဘာလ ၁၇ ရက်မှစတင်၍ ဝိုင်းမော်မြို့ဘက်သို့ ထွက်ခွာခွင့်ပြုခဲ့ကြောင်း ရှမ်းနီအမျိုးသားများညီညွတ်ရေးအစည်းအရုံး (SNUA)ထံမှ သိရသည်။
KIO/KIA အဖွဲ့ဝင်များသည် ဒီဇင်ဘာလ ၁၅ ရက်မှစ တင်ကာ တာလောကြီးကျေးရွာအတွင်းသို့ဝင်ရောက်စီးနင်းပြီး ရှမ်းနီလူမျိုးများအား လူသားတံတိုင်းအဖြစ်အသုံးပြုကာ အင်အားထပ်မံဖြည့်တင်းလျက်ရှိကြောင်း SNUA က အသိပေးထားသည်။
KIO / KIA အဖွဲ့သည် ကချင်လူမျိုးများကို ကျေးရွာမှ ထွက်ခွါခွင့်ပြုသော်လည်း ရှမ်းနီလူမျိုးများကို ကျေးရွာမှ ထွက်ခွါခွင့်မပြုကြောင်း SNUA က ပြောသည်။
ထို့ကြောင့် ကျေးရွာအတွင်း ကျန်ရှိခဲ့ရသည့် ရှမ်းနီလူမျိုးများသည် တိုက်ပွဲဖြစ်ပွားနေ၍ ထိခိုက်မှုမရှိစေရန် ကျေး ရွာအနီးတစ်ဝိုက်ရှိ လယ်ကွင်းများ၊ ခြုံများနှင့်တောအုပ်အတွင်းတို့၌ တိမ်းရှောင်နေကြရကြောင်း သိရသည်။
"ကျွန်တော်ရွာက မိသားစုနဲ့ဖုန်းအဆက်အသွယ်ရတယ်။ ဖုန်းလိုင်းကတော့အဆင်ပြေသေးတယ်လို့သိရတယ်။ သူတို့အတွက်စိတ် အရမ်းပူနေရတယ်။ ရွာထဲကိုရောက်နေတဲ့အဖွဲ့တွေက ရွာကလူတွေကိုအပြင်မထွက်ခိုင်းဘူး။ လူသားတံတိုင်းလုပ်ထားတယ်တဲ့။ ရွာအနီးအ နားမှာရှောင်နေရင်ရတယ်။ ထွက်တော့မသွားခိုင်းဘူး ရွာထဲကအိမ်တွေထဲမှာ သက်ကြီးရွယ်အိုတွေကျန်ခဲ့တယ်"ဟု ရန်ကုန်မြို့တွင်ရောက်ရှိနေသည့် ရှမ်းနီလူမျိုးတစ်ဦးက NP News ကိုပြောသည်။
လက်ရှိအချိန်၌ တာလောကြီးကျေးရွာတွင် တိုက်ပွဲဖြစ် ပွားလျက်ရှိရာ လက်နက်ကြီးပစ်ခတ်မှုများလည်းရှိပြီး လက်နက်ကြီးကျည်များသည် ကျေးရွာအတွင်းပေါက်ကွဲပြီး ဘုန်းတော်ကြီးကျောင်း၊ စေတီနှင့်နေအိမ်အချို့ပျက် စီးမှုများရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ကျေးရွာနေ ရှမ်းနီလူမျိုးများသည်လည်း လက် နက်ကြီးကျည်ကျရောက်ပေါက်ကွဲခြင်း နှင့် သေနတ်ပစ် ခတ်ခြင်းတို့ကြောင့် ထိခိုက်ဒဏ်ရာရသူများလည်းရှိနေကြောင်း သိရသည်။
ရှမ်းနီအမျိုးသားများညီညွတ်ရေးအစည်းအရုံး(SNUA)မှ လည်း ရှမ်းနီလူမျိုးများအား လူသားတံတိုင်းအဖြစ်အသုံး ချခြင်းမပြုရန် သက်ဆိုင်ရာအဖွဲ့အစည်းများကို တောင်းဆိုထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်နဲ့ဖိလစ်ပိုင်နိုင်ငံကြား သံတမန်ဆက်ဆံရေးက အဆိုးဘက်ကို ဦးတည်နေကြောင်း ဖိလစ်ပိုင်သမ္မတပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ