တရုတ်နဲ့ဖိလစ်ပိုင်နိုင်ငံကြား သံတမန်ဆက်ဆံရေးက အဆိုးဘက်ကို ဦးတည်နေကြောင်း ဖိလစ်ပိုင်သမ္မတပြော
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၁၉
တရုတ်နိုင်ငံနဲ့ ဖိလစ်ပိုင်နိုင်ငံကြား သံတမန်ဆက်ဆံရေးက အဆိုးဘက်ကို ဦးတည်နေကြောင်း ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မာကိုစ့်ဂျူနီယာက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
တရုတ် နဲ့ ဖိလစ်ပိုင်နိုင်ငံတို့ဟာ တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက်နယ်မြေအငြင်းပွားမှုတွေကို ဘယ်လိုပုံစံမျိုး ချဉ်းကပ်ဖြေရှင်းမလဲဆိုတာ စီစဉ်ဆောင်ရွက်ဖို့ လိုအပ်နေကြောင်း၊ တောင်တရုတ် ပင်လယ်အရေးနဲ့ပတ်သက်ပြီး နှစ်နိုင်ငံကြားဆက်ဆံရေးက ဆိုးရွားတဲ့ဘက်ကို ဦးတည်လာနေခြင်း ဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတက ပြောပါတယ်။
ဖိလစ်ပိုင်သမ္မတက "လက်ရှိအချိန်မှာ ၂ နိုင်ငံကြားရှိတဲ့ သံတမန်ရေးနည်းလမ်း ပြန်လည်ထိန်းသိမ်းနိုင်ဖို့ ကြိုးပမ်းခဲ့တယ်။ ဒါပေမယ့် တိုးတက်မှုတွေ အနည်းငယ်သာရှိနေခဲ့ပါတယ်။ တောင်တရုတ်ပင်လယ် အရေး ပိုင်နက်နယ်မြေအငြင်းပွားမှုတွေမှာပါဝင်တဲ့ နိုင်ငံအားလုံးဟာ လက်ရှိအချိန်မှာ အပြောင်းအလဲ တွေဖြစ်အောင်လုပ်ဆောင်ဖို့ လိုအပ်နေတယ်" လို့ ပြောပါတယ်။
ဖိလစ်ပိုင်နိုင်ငံအနေနဲ့ တရုတ်နိုင်ငံနဲ့ ပိုင်နက်နယ်မြေအငြင်းပွားနေပေမယ့် အကြမ်းဖက်ပဋိပက္ခ ဖြစ်ပွားခြင်းအခြေအနေများကိုရှောင်ရှားဖို့ လိုလားကြောင်း သမ္မတ ဖာဒီနန်မာကိုစ့်ဂျူနီယာက ပြောပါတယ်။
ဖိလစ်ပိုင်နိုင်ငံအနေနဲ့ ဖိလစ်ပိုင်နိုင်ငံ အနောက်ဘက်ပိုင်း အပါအဝင် တောင်တရုတ်ပင်လယ်အတွင်း ပူးတွဲဆောင်ရွက်မယ့်အစီအစဉ်တွေနဲ့ပတ်သက်ပြီး မိတ်ဖက်နိုင်ငံတွေနဲ့ ဆွေးနွေးနေကြောင်း သိရပါတယ်။ တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ်အတွင်းရှိ ပိုင်နက်နယ်မြေအားလုံးရဲ့ ၈ဝ ရာခိုင်နှုန်း ကို ၎င်းတို့ပိုင်ဆိုင်ကြောင်း ပြောဆိုထားရာ အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့နဲ့ ပိုင်နက်နယ်မြေ အငြင်းပွားနေ ကြောင်း သိရပါတယ်။
ဖိလစ်ပိုင်နဲ့ တရုတ်ကမ်းခြေစောင့်သင်္ဘောတွေဟာ မကြာသေးမီက တောင်တရုတ်ပင်လယ်အတွင်းရှိ ပိုင်နက်နယ်မြေအငြင်းပွားနေတဲ့နေရာတွေမှာ ထိပ်တိုက်တွေ့ဆုံခဲ့ပြီး တရုတ်ကမ်းခြေစောင့်သင်္ဘော တွေက ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့တွေကို ဝင်တိုက်ခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စက်သုံးဆီတင်သွင်းသော ကုမ္ပဏီများကို အမေရိကန်ဒေါ်လာ(၁၀)သန်းနီးပါးရောင်းချပေးခဲ့ကြောင်း ဗဟိုဘဏ်အသိပေး
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ