ဟူသီလက်နက်ကိုင်အဖွဲ့တွေကို ဖြိုခွင်းမယ့် ညွန်ပေါင်းအဖွဲ့ ဖွဲ့စည်းဖို့ အမေရိကန်အစိုးရ ဦးဆောင်ကြိုးပမ်းနေ
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၁၉
အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုင်အော်စတင်က ပင်လယ်နီဒေသအတွင်း ကုန်စည်သင်္ဘောတွေကို ဖမ်းဆီးတိုက်ခိုက်နေတဲ့ ဟူသီလက်နက်ကိုင်အဖွဲ့ရဲ့အန္တရာယ်ကို ကာကွယ်ပေးနိုင်ဖို့ နိုင်ငံပေါင်း ဒါဇင်ချီကို ဖိတ်ခေါ်ခဲ့ကြောင်းသိရပါတယ်။
အမေရိကန်ကာကွယ်ရေးဝန်ကြီးဟာ ပင်လယ်နီဒေသ ပင်လယ်ရေကြောင်းလုံခြုံရေးအတွက် ဟူသီလက်နက် ကိုင်အုပ်စုရဲ့ရန်ပြုမှုတွေကို ဖြိုခွင်းနိုင်ဖို့ ညွန့်ပေါင်းအဖွဲ့ကို ဖွဲ့စည်းဖို့ စီစဉ်နေကြောင်းသိရပါတယ်။ လွိုင်အော်စတင်က "ပင်လယ်နီဒေသအတွင်းမှာ ဟူသီလက်နက် ကိုင်အုပ်စုရဲ့တိုက်ခိုက်မှုတွေကို ကာကွယ်နိုင်အောင် အားလုံးပူးပေါင်းကြိုးပမ်းရမှာဖြစ်တဲ့အတွက် နိုင်ငံအားလုံးပါဝင်သင့်တယ်။ ဟူသီလက်နက်ကိုင်အုပ်စုဟာ အဆင်ခြင်မဲ့ လုပ်ရပ်တွေလုပ်ဆောင်လာနေတယ်။ ဟူသီလက်နက်ကိုင်အုပ်စုရဲ့လုပ်ရပ်တွေက နိုင်ငံတကာပြသာနာဖြစ်လာစေခဲ့တယ်။ နိုင်ငံတကာ ပူးပေါင်းတုံ့ပြန်ဖို့ လိုအပ်တယ်"လို့ပြောပါတယ်။
ဟူသီလက်နက်ကိုင်အဖွဲ့ကိုနှိမ်နင်းနိုင်ဖို့ အမေရိကန်ဦးဆောင်တဲ့ Operation Prosperity Guardian အဖွဲ့ကို ပူးပေါင်းတည်ထောင်ဖို့ စီစဉ်ခဲ့ကြောင်းလည်း ၎င်းကပြောကြားခဲ့ကြောင်း သိရပါတယ်။ ယီမင်အခြေစိုက်ဟူသီလက်နက်ကိုင်အဖွဲ့ဟာ အစ္စရေးနဲ့ဟားမက်စ်လက် နက်ကိုင်အုပ်စုတွေကြားစစ်ပွဲဖြစ်လာခဲ့ပြီးနောက် ပါလက်စတိုင်းပြည်သူတွေကို အားပေးထောက်ခံဖို့ ပင် လယ်နီဒေသအတွင်းဖြတ်သန်းတဲ့ ကုန်စည်သင်္ဘောတွေကို တိုက်ခိုက်လာနေကြောင်းသိရပါတယ်။ ဟူသီလက် နက်ကိုင်အဖွဲ့ဟာ ဒီဇင်ဘာလအတွင်းမှာပဲ သင်္ဘောတွေကိုတိုက်ခိုက်မှုအကြိမ်ရေပိုမိုများပြားလာနေကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရမ်းဗြဲမြို့၌ တပ်မတော် နှင့် AA လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး မြို့ခံအများအပြား နေရပ်စွန့်ခွာခဲ့ရ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ