Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရမ်းဗြဲမြို့၌ တပ်မတော် နှင့် AA လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး မြို့ခံအများအပြား နေရပ်စွန့်ခွာခဲ့ရ

မြူနစ် (NSS) - ဒီဇင်ဘာ ၁၉

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နှင့်တစ်ဝိုက်တွင် တပ်မတော်နှင့် ရခိုင်လက်နက်အဖွဲ့ AA တို့အကြား တိုက်ပွဲဆက် လက်ဖြစ်ပွားနေပြီး မြို့ခံအများအပြားနေရပ်စွန့်ခွာခဲ့ရကြောင်း သိရသည်။


AA နှင့် တပ်မတော်လုံခြုံရေးအဖွဲ့တို့သည် ယမန်နေ့ (ဒီဇင်ဘာလ ၁၈ ရက်) နံနက် ၈ နာရီမှစ၍ ရမ်းဗြဲမြို့တွင် နှစ်ဖက်ကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း မြို့ခံများက NSS ကို ပြောသည်။

“ရမ်းဗြဲမှာ တိုက်ပွဲက မနေ့က စတာပေါ့။ မနက် ၈ နာရီလောက်မှာစတာ။ မနက် ၁၀ နာရီလောက်ကနေ ညနေ ၃ နာရီအထိ တိုက်ပွဲက တော်တော်လေးပြင်းထန်တယ်။ ဒီလောက်ကြီး ပြင်းထန်တာမျိုး တစ်ခါမှ မကြုံဖူးသေးဘူး။ လက်နက်ကြီးသံတွေ၊ လက်နက်ငယ်သံတွေ၊ လေ ယာဉ်သံတွေ စုံနေအောင်ကြားရတယ်။ ဒရုန်းတွေနဲ့ လာပစ်တာတွေလည်း ရှိတယ်” ဟု ရမ်းဗြဲမြို့ခံကပြော သည်။

ယမန်နေ့တွင် ရမ်းဗြဲမြို့၌ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း အရပ်သားလူနေအိမ်များ ထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်း သိရသည်။

အလားတူ ယနေ့(ဒီဇင်ဘာလ ၁၉ ရက်)တွင်လည်း ရမ်းဗြဲမြို့နှင့်တစ်ဝိုက်၌ တပ်မတော်နှင့် AA လက်နက်ကိုင်အဖွဲ့တို့ကြားတိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေလျက်ရှိကြောင်း မြို့ခံများကပြောသည်။

“ဒီနေ့လည်း ရမ်းဗြဲမှာ ဆက်ဖြစ်နေတုန်းပဲ။ တပ်ဖက်ကလည်း ရေကြောင်းပစ်ကူတွေနဲ့ ပစ်ပေးနေတယ်လို့ ကြားတယ်။ ပြင်းထန်နေတုန်းပါပဲ။ အခုတော့ မြို့ခံပြည်သူလူထုကတော့ မြို့ပေါ်မှာ မနေရဲကြတော့ဘူး။ ထိခိုက်မှာ ကြောက်လို့ စစ်ဘေးရှောင်နေရပြီ။ မရှောင်လို့လည်း မရတော့ဘူးလေ။ ကလေးငယ်တွေပါ ရှိနေတော့ စိုးရိမ်ရတယ်”ဟု ရမ်းဗြဲမြို့ခံက ဆက်လက်ပြောသည်။

ယင်းကဲ့သို့ ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ရမ်းဗြဲမြို့ခံပြည်သူလူထုအများစုသည် နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရလျက်ရှိကြောင်း သိရသည်။

“ကျွန်မတို့ကတော့ စစ်ပွဲဖြစ်မှာ မလိုလားဘူး။ ဒါပေမဲ့စစ်ပွဲဖြစ်တာကလည်း ကြာနေပြီဆိုတော့ လိုလားတဲ့သူလည်း ရှိသလို၊ မလိုလားတဲ့သူတွေလည်း ရှိမှာပေါ့။ ကြောက်တဲ့သူလည်းရှိတယ်။ အမျိုးမျိုးရှိနေမှာပဲလေ။ ကျွန်မတို့ ဆန္ဒအရဆိုရင်တော့ မဖြစ်စေချင်ဘူး” ဟု ရမ်းဗြဲမြို့ခံတစ်ဦးက NSS ကို ပြောသည်။

ဒေသခံပြည်သူလူထုအများစုနေထိုင်ရာမြို့များတွင် တိုက်ပွဲများ ဖြစ်လာမည်ကို မလိုလားသော ဒေသခံပြည်သူများလည်း ရှိနေသည်။

“ရခိုင်မှာ တိုက်ပွဲတွေဖြစ်ပြီး သိပ်မကြာဘူး လမ်းတွေ ပိတ်လိုက်တယ်။ ကုန်ဈေးနှုန်းတွေ ချက်ချင်းတက်လာတယ်။ အခုဆိုရင် ကြက်သွန်နီတစ်ပိသာ သုံးသောင်းဖြစ်နေပေမယ့် ရှာဝယ်လို့မရဘူး။ ဈေးရောင်းတဲ့သူတွေလည်း မရှိတော့ဘူး။ နောက်ဓာတ်ဆီ တစ်လီတာ နှစ်သောင်းခွဲအထိ ဖြစ်နေတယ်။ ဘယ်လိုသွားလာလှုပ်ရှာရမှာလဲ။ စစ်ဘေးရှောင်ဖို့အတွက်တောင် သွားဖို့မလွယ်ကူဘူး။ ပြည်သူတွေ ဘယ်လောက်ခက်ခဲလည်း စဉ်းစားသာကြည့်တော့” ဟု ရခိုင်ဒေသခံတစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ်တွင် ရခိုင်လက်နက်ကိုင်အဖွဲ့ ULA/AA သည် ပြီးခဲ့သော နိုဝင်ဘာလ ၁၃ ရက်မှစတင်ကာ တစ်ကျော့ပြန်စစ်ပွဲများကို ပြန်လည်ဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင်လည်း နှစ်ဖက်ကြား၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

၂၄ နာရီအတွင်း ဖြစ်ပွားခဲ့သည့် ပြည်တွင်းနှင့် ပြည်ပက ထူးခြားသတင်းများ

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved