ဂါဇာစစ်ပွဲနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့အတွင်း မဲခွဲဆုံးဖြတ်မယ့် အစီအစဉ် ရွှေ့ဆိုင်း
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၁၉
ဂါဇာစစ်ပွဲပဋိပက္ခနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီအတွင်း မဲခွဲဆုံးဖြတ်မယ့်အစီအစဉ်ကို ရွှေ့ဆိုင်းခဲ့ရကြောင်း သိရပါတယ်။
အဆိုပါဂါဇာစစ်ပွဲနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီမူကြမ်းကို ယူအေအီးနိုင်ငံက ရေးဆွဲခဲ့ပြီး မူကြမ်းမှာပါဝင်တဲ့ စကားလုံးသုံးစွဲမှုနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေဖြစ်လာခဲ့ပြီးနောက် ရွှေ့ဆိုင်းခဲ့တာဖြစ်ကြောင်းသိရပါတယ်။ ယူအေအီးနိုင်ငံက ရေးဆွဲထားတဲ့ ဆုံးဖြတ်ချက်မူကြမ်းထဲမှာ ဂါဇာစစ်ပွဲကို ချက် ချင်းအဆုံးသတ်ဖို့တောင်းဆိုချက်တွေ ပါဝင်နေကြောင်းသိရပါတယ်။
ဒါ့ပြင် ပင်လယ်ရေကြောင်း၊ ကုန်းမြေ နဲ့ လေကြောင်းတို့ကနေ ဂါဇာကမ်းမြောင်ဒေသကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီတွေ ပေးပို့ကူညီခွင့်ပေးဖို့ တိုက်တွန်းတောင်းဆိုထားတဲ့အချက်တွေလည်းပါဝင်နေကြောင်းသိရပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့နီးစပ်တဲ့ သံတမန်တွေက လုံခြုံရေးကောင်စီဆုံးဖြတ်ချက်မူကြမ်းနဲ့ပတ်သက်ပြီး အပြီးသတ်ဆွေးနွေးမှုတွေဟာ ရှေ့မတိုးသာနောက်မဆုတ်သာဖြစ်နေရကြောင်းသိရပါတယ်။ အမေရိကန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံတမန်က ယူအေအီးနိုင်ငံကရေးဆွဲထားတဲ့ ဆုံးဖြတ်ချက်မူကြမ်းထဲမှာ ရေးသားထားတဲ့ ပြင်းထန်တဲ့အသုံးနှုန်းတွေကိုလျော့ပေးစေလိုကြောင်း ပြောပါတယ်။
အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေတဲ့ စစ်ပွဲဟာ (၂)လကျော်လာပြီး အစ္စရေးရဲ့တိုက် ခိုက်မှုတွေကြောင့် ပါလက်စတိုင်းပြည်သူ (၁၈၀၀၀) ကျော်သေဆုံးခဲ့ရာ အရပ်သားသေဆုံးမှုများလွန်းနေကြောင်း ဝေဖန်ပြစ်တင်နေပါတယ်။ အစ္စရေးဟာ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကို အမြစ်ပြတ်ချေမှုန်းနိုင်ဖို့ နဲ့ ပြန်ပေးဆွဲခံထားရသူတွေ အမြန်ဆုံးပြန်လွတ်မြောက်ဖို့ ဂါဇာဒေသကို ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဟူသီလက်နက်ကိုင်အဖွဲ့တွေကို ဖြိုခွင်းမယ့် ညွန်ပေါင်းအဖွဲ့ ဖွဲ့စည်းဖို့ အမေရိကန်အစိုးရ ဦးဆောင်ကြိုးပမ်းနေ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ