အမေရိကန်ပြည်တွင်းရုပ်ရှင်ရုံတွေမှာ “Wonka” ရုပ်ရှင်က အရောင်းရဆုံး ကန်ဒေါ်လာ ၃၅ သန်းနဲ့ နံပါတ်(၁)နေရာ ရရှိ
ရောင်နီ (NSS) - ဒီဇင်ဘာ ၁၉
စိတ်ကူးယဉ်ဆန်းကြယ်ရုပ်ရှင်ဇာတ်လမ်းဖြစ်တဲ့ Wonka ဟာ ယခုသီတင်းပတ်ကုန်မှာပဲ အမေရိကန် ပြည်တွင်း ရုပ်ရှင်ရုံတွေမှာ အရောင်းရဆုံး ခန့်မှန်းခြေ ကန်ဒေါ်လာ ၃၉ သန်းနဲ့ နံပါတ်တစ်နေရာကို ရရှိခဲ့တယ်လို့ သိရပါတယ်။
စိတ်ကူးယဉ် ဂီတရုပ်ရှင် "Wonka" ဟာ အစပိုင်းမှာတင် ဝင်ငွေဒေါ်လာ ၁၅၁ သန်းကျော်နဲ့ "Hunger Games: A Ballad of Songbirds and Snakes” ကို ကျာ်ဖြတ်ပြီး၊ ကမ္ဘာတစ်ဝန်း နံပါတ် (၁) ဇာတ်ကားဖြစ်လာခဲ့တယ်လို့ လေ့လာသုံးသပ်သူတွေက ဆိုပါတယ်။
၎င်းဟာ ရောဒယ်လ်ရဲ့ ၁၉၆၄ ခုနှစ်ထွက် စာအုပ်ဖြစ်တဲ့ "Charlie and the Chocolate Factory” မှ လျှို့ဝှက် ဆန်းကြယ် ချောကလက်စက်ရုံပိုင်ရှင် Willy Wonka ရဲ့နောက်ဆက်တွဲဇာတ်လမ်းဖြစ်ပြီး သရုပ်ဆောင် တီမိုသီ ချာလ်မက် က Wonka အဖြစ် သရုပ်ဆောင်မှာ ဖြစ်ပါတယ်။
၁၉၇၁ ခုနှစ် နဲ့ ၂ဝဝ၅ ခုနှစ်က ထွက်ရှိတဲ့ "Charlie and the Chocolate Factory" ဇာတ်လမ်းတွေမှာ သရုပ်ဆောင် ဂျင်နီဝိုင်းဒါ နဲ့ ဂျွန်နီဒီတို့က Wonka အဖြစ် သရုပ်ဆောင်ခဲ့တာဖြစ်ပြီး ၎င်းတို့ခြေရာကို ချာလ်မက်က ခြေရာခံနိုင် မလားဆိုတာကြည့်ရမှာဖြစ်ပါတယ်။
ရုပ်ရှင်ထုတ်လုပ်သူ Warner Bros ရဲ့အဆိုအရ "Wonka" ရဲ့ အဓိက အားပေးသူပရိသတ်တွေဟာ အသက် ၂၅ နှစ် အောက်အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေဖြစ်တယ်လို့ ဆိုပါတယ်။
"Wonka" ရုပ်ရှင်ကို ၂ဝ၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်က အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့၊ တော်ဝင်ပွဲတော်ခန်းမ၊ Southbank Centre မှာ ပွဲဦးထွက်ပြသခဲ့ပြီး၊ ဒီဇင်ဘာ ၁၅ ရက်မှာတော့ အမေရိကန်မှာ ရုံတင်ပြသခဲ့ခြင်းဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းလယ်သမားတွေက ခရီးသွားတွေကို စွဲဆောင်ဖို့ စပါးပျိုးပင်တွေကို ကြောင်ပုံဖော်ကာ စိုက်ပျိုး
RELATED POSTS
21 Nov 2024 | အနုပညာ,နိုင်ငံတကာ
14 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ