Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြောက်ကိုရီးယားက တာဝေးပစ်ပဲ့ထိန်းဒုံးကျည်တစ်စင်းကို ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားအစိုးရပြော

Pika (NSS) - ဒီဇင်ဘာ ၁၈ 

မြောက်ကိုရီးယားနိုင်ငံသည် ဒီဇင်ဘာလ(၁၈)ရက်တွင် တာဝေးပစ် ပဲ့ထိန်းဒုံးကျည်တစ်စင်းကို ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့သည်။


မြောက်ကိုရီးယားသည် ဒီဇင်ဘာလ(၁၇)ရက် ညနှောင်းပိုင်းတွင် တာတိုပစ်ပဲ့ထိန်းဒုံးကျည်တစ်စင်းကို ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောဆိုခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် ယခုကဲ့သို့ ထပ်မံပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အမေရိကန် နှင့် တောင်ကိုရီးယားတို့အပေါ် မြောက်ကိုရီးယား၏နျူကလီးယားတိုက်ခိုက်မှုမှန်သမျှသည် မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းအစိုးရ အဆုံးသတ်ခြင်းကို ဖြစ်ပေါ်စေမည်ဟု အမေရိကန်က သတိပေးပြောခဲ့ပြီးနောက် ယခုကဲ့သို့ပစ်လွှတ်မှုများထွက်ပေါ်လာခြင်းဖြစ်သည်။


တောင်ကိုရီးယားစစ်ဦးစီးချုပ်များရုံး က "မြောက်ကိုရီးယားဟာ တာဝေးပစ်ပဲ့ထိန်းဒုံးကျည်တစ်စင်းကို ဂျပန် ပင်လယ်ထဲသို့ ပစ်လွှတ်ခဲ့ပါတယ်" ဟု ပြောခဲ့သည်။ ဂျပန်အစိုးရ က "မြောက်ကိုရီးယားဟာ ပဲ့ထိန်းဒုံးကျည်လို့ ယူဆရတဲ့ ဒုံးကျည်တစ်စင်းကို ဂျပန်ပင်လယ်ထဲကို ပစ်လွှတ်ခဲ့ပါတယ်" ဟု ဆိုခဲ့သည်။

သို့သော်လည်း ဂျပန်အစိုးရသည် အဆိုပါပစ်လွှတ်မှုနှင့်ပတ်သက်သည့် နောက်ထပ်သတင်းအချက်အလက်များကို ထုတ်ဖော်ပြောဆိုခဲ့ခြင်းမျိုးမရှိခဲ့ကြောင်း သိရသည်။ 

အဆိုပါပဲ့ထိန်းဒုံးကျည်သည် အကွာအဝေး ကီလိုမီတာ(၁ဝဝဝ)ခန့်အထိ ပျံသန်းခဲ့ပြီးနောက် ဂျပန်ပင်လယ်ထဲသို့ ကျသွားခဲ့ကြောင်း တောင်ကိုရီးယားစစ်ဦးစီးချုပ်များရုံးက ပြောကြားခဲ့သည်။ ထို့အပြင် အမေရိကန်၊ တောင်ကိုရီးယား နှင့် ဂျပန်တို့သည့် မြောက်ကိုရီးယား၏ ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်မှုနှင့်ပတ်သက်ပြီး သတင်း အချက်အလက်များကို အနီးကပ်မျှဝေခဲ့ကြကြောင်း တောင်ကိုရီးယားအစိုးရက ပြောကြားခဲ့သည်။

မြောက်ကိုရီးယား၏ ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်မှုများသည် ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေးကို ခြိမ်းခြောက်နေသည့် လုပ်ရပ်တစ်ခုဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ်ဖူမီအိုကီရှီဒါက ဖော်ပြခဲ့သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန က "မြောက်ကိုရီးယားက ယခုနှစ်အတွင်း လုပ်ဆောင်ခဲ့တဲ့ ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်မှုတွေလိုပဲ ဒီပစ်လွှတ်မှုတွေ ဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်တွေကို ချိုးဖောက်နေတာပဲဖြစ်ပါတယ်" ဟု ပြောခဲ့သည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဖင်လန်နိုင်ငံအနီးတွင် စစ်ဘက်ဆိုင်ရာခရိုင်သစ်တစ်ခုကို ဖန်တီးသွားမည်ဖြစ်ကြောင်း ရုရှားသမ္မတပူတင် ထုတ်ဖော်ပြောဆို

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved