ဖင်လန်နိုင်ငံအနီးတွင် စစ်ဘက်ဆိုင်ရာခရိုင်သစ်တစ်ခုကို ဖန်တီးသွားမည်ဖြစ်ကြောင်း ရုရှားသမ္မတပူတင် ထုတ်ဖော်ပြောဆို
Pika (NSS) - ဒီဇင်ဘာ ၁၈
ဖင်လန်နိုင်ငံ၏ နေတိုးအဖွဲ့သို့ဝင်ရောက်ရန် နောက်ဆုံးဆုံးဖြတ်ချက်များကို လက်တုံ့ပြန်သည့်အနေဖြင့် ဖင်လန်နိုင်ငံအနီးရှိ ၎င်း၏ နေရာများကို ပိုမိုအားဖြည့်ရန်အတွက် စစ်ဘက်ဆိုင်ရာခရိုင်သစ်တစ်ခုကို ဖန်တီးသွားမည်ဖြစ် ကြောင်း ရုရှားသမ္မတပူတင်က ထုတ်ပြန်ကြေညာခဲ့သည်။
ဖင်လန်နိုင်ငံသည် ရုရှားနိုင်ငံ နှင့် ဆယ်စုနှစ်များစွာကြာ ပြဿနာဖြစ်ခဲ့ခြင်းမျိုးမရှိခဲ့သော်လည်း လက်ရှိအချိန်တွင် ပြဿနာများဖြစ်လာနိုင်ဖွယ်ရှိကြောင်း ရုရှားသမ္မတပူတင်က ပြောခဲ့သည်။ ရုရှားသမ္မတပူတင်သည် သတင်းထောက် Pavel Zarubin နှင့် အင်တာဗျူးအတွင်း ယခုကဲ့သို့ထုတ်ပြန်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပူတင် က "နေတိုးအဖွဲ့ဟာ ဖင်လန်နိုင်ငံကို သူတို့အဖွဲ့အတွင်းကို ခေါ်ဆောင်သွားတာပါ။ ကျွန်တော်တို့ ဖင်လန် နိုင်ငံနဲ့ အငြင်းပွားတာမျိုးတွေ မရှိခဲ့ပါဘူး။ (၂ဝ)ရာစုအလယ်ပိုင်းလောက်မှာ နယ်မြေပိုင်နက်ဆိုင်ရာသဘော သဘာဝတွေ အပါအဝင် အငြင်းပွားမှုတွေအားလုံးကို ကျွန်တော်တို့ဖြေရှင်းခဲ့တာကြာပါပြီ။ ဒါပေမယ့်လည်း ရုရှားနိုင်ငံဟာ နေတိုးအဖွဲ့ဝင်နိုင်ငံ ဘယ်နိုင်ငံနဲ့မှ နယ်မြေအငြင်းပွားတာမျိုး မရှိဖူးပါဘူး" ဟု ပြောခဲ့သည်။
အမေရိကန်နိုင်ငံဦးဆောင်သော နေတိုးအဖွဲ့၏ ချဲ့ထွင်မှုများကို လက်တုံ့ပြန်ရန်အတွက် Leningrad စစ်ဘက်ဆိုင်ရာခရိုင်အသစ်ကို ဖန်တီးရန်စီစဉ်နေကြောင်း ပူတင်က ပြောခဲ့သည်။ အဆိုပါတပ်ဖွဲ့ဝင်အသစ်များကို ရုရှားနိုင်ငံအနောက်မြောက်ပိုင်းရှိ Leningrad ဒေသတွင် တပ်စွဲထားစေမည်ဖြစ်ကြောင်း ပူတင်က ပြောခဲ့သည်။
ပူတင်က "ဖင်လန်နိုင်ငံဟာ နေတိုးအဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ဖို့ဆုံးဖြတ်ချက်မချမီ နှစ်နိုင်ငံလုံးဟာ ရင်းနှီးမှုအရှိဆုံး ဆက်ဆံရေးကို သဘောကျခဲ့ကြပါတယ်။ ရုရှားနဲ့ ဖင်လန်နိုင်ငံတို့ကြုံတွေ့ခဲ့ရတဲ့ အသေးအဖွဲ့ပြဿနာဟာ သစ်ထုတ်လုပ်တဲ့လုပ်ငန်းမှာလည်ပတ်နေတဲ့ စီးပွားရေးအငြင်းပွားမှုတွေပဲဖြစ်ပါတယ်။ ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလ တွင် ရုရှားက ယူကရိန်းကိုကျူးကျော်တိုက်ခိုက်ခဲ့ပြီးနောက် လပိုင်းအကြာတွင် ဖင်လန်နိုင်ငံသည် နေတိုးအဖွဲ့သို့ ပါဝင်မည့် ၎င်း၏ဆုံးဖြတ်ချက်ကို ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် ယခုနှစ် ဧပြီလတွင် ဖင်လန်နိုင်ငံသည် နေတိုးအဖွဲ့ဝင်နိုင်ငံအဖြစ် စတင်ဝင်ရောက်ခဲ့ကြောင်း သိရသည်။ နေတိုးအဖွဲ့သို့ဝင်ရောက်ခဲ့သည့် ဖင်လန်နိုင်ငံ၏ ဆုံးဖြတ်ချက်မှာ မှားယွင်းသော ဆုံးဖြတ်ချက်တစ်ခုသာဖြစ် ကြောင်း ရုရှားအစိုးရက အကြိမ်ကြိမ်ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သမိုင်းတစ်လျှောက် နှစ်(၇ဝ)အတွင်း ပထမဆုံးအကြိမ် စိန်ခေါ်စော်ကားခံနေရတဲ့ တပ်မတော်၊ အမေရိကန်နဲ့ ဖိလစ်ပိုင်တို့ မြန်မာအရေးကို ဘယ်လိုတွေးလာသလဲ၊ ရေကြောင်း ပို့ကုန်-သွင်းကုန်ကို ဖြေလျှော့ပါ (၁၈-၁၂-၂ဝ၂၃)
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ