ရုရှားအစိုးရက ပင်လယ်နက်ကိုဖြတ်သန်းပြီး သီးနှံတင်ပို့မှုသဘောတူညီချက်ကို သက်တမ်းတိုးရန် စိတ်မဝင်စားဟုဆို
Pika (NSS) - ဒီဇင်ဘာ ၁၈
ရုရှားအစိုးရသည် ပင်လယ်နက်ကို ဖြတ်သန်းပြီး သီးနှံတင်ပို့မှုသဘောတူညီချက်ကို သက်တမ်းတိုးရန် စိတ်မဝင်စားကြောင်း ရုရှားစိုက်ပျိုးရေးဝန်ကြီး ဒီမစ်ထရီပက်ထရုရှက်ဗ်၏ ပြောဆိုချက်များကို ကိုးကားပြီး RIA သတင်း အေဂျင်စီက ဖော်ပြခဲ့သည်။
ရုရှား နှင့် ယူကရိန်းကြား သဘောတူထားသော ပင်လယ်နက်ကိုဖြတ်သန်းပြီး သီးနှံတင်ပို့မှုသဘောတူညီချက်ကို သက်တမ်းတိုးရန်အတွက် ဆုံးဖြတ်ချက်များသည် နိုင်ငံရေးဆုံးဖြတ်ချက်တစ်ခုဖြစ်ကြောင်း ဒီမစ်ထရီ ပက်ထရုရှက်ဗ်ပ် က ပြောကြားခဲ့သည်။
သို့သော်လည်း ရုရှားအစိုးရသည် ၎င်း၏ ဝယ်သူများထံသို့ သီးနှံတင်ပို့မှုများကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဒီမစ်ထရီပက်ထရုရှက်ဗ်က ပြောကြားခဲ့သည်။ ဒီမစ်ထရီပက်ထရုရှက်ဗ် က "ပင်လယ်နက်ကို ဖြတ်သန်းပြီး သီးနှံတင်ပို့မှုသဘောတူညီချက်ကို ထည့်သွင်းစဉ်းစားထားတဲ့ ကျွန်တော်တို့ရဲ့သီးနှံတင်ပို့မှု ပမာဏဟာ ကျဆင်းသွားတာမျိုးမရှိခဲ့ဘဲ အနည်းငယ်တောင် ပိုတိုးလာခဲ့ပါတယ်" ဟု ပြောခဲ့သည်။
ပြီးခဲ့သည့်ဇူလိုင်လတွင် ရုရှားအစိုးရသည် ယူကရိန်းကို ၎င်း၏ ပင်လယ်နက်ဆိပ်ကမ်းများမှ သီးနှံများအား ဘေးကင်းစွာတင်ပို့ခွင့်ပြုခဲ့သည့် သဘောတူညီချက်မှ နှုတ်ထွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါအစီအစဉ် သည် အဆင်းရဲဆုံးနိုင်ငံများသို့ သီးနှံတင်ပို့နိုင်ခြင်းမျိုးမရှိခဲ့သည့်အပြင် ၎င်း၏ သီးနှံနှင့် ဓါတ်မြေဩဇာတင်ပို့မှုများ သည် အတားအဆီးများနှင့် ရင်ဆိုင်နေရဆဲဖြစ်သောကြောင့် သဘောတူညီချက်မှ နှုတ်ထွက်ခဲ့ခြင်းဖြစ်ကြောင်း ရုရှားအစိုးရက ပြောခဲ့သည်။
ထို့အပြင် ရုရှား နှင့် ယူကရိန်းကြား သဘောတူညီထားသော သီးနှံတင်ပို့မှုသဘောတူညီချက်ကို ပြန်လည်ရယူပေး နိုင်ရန် ကြိုးပမ်းနေကြောင်း တူရကီသမ္မတအာဒိုဂန်က ပြီးခဲ့သည့်ဩဂုတ်လတွင် ထုတ်ဖော်ပြောခဲ့သည်။ ရုရှား နှင့် ယူကရိန်းကြား ပင်လက်နက်ကိုဖြတ်သန်း၍ သီးနှံတင်ပို့မှုသဘောတူညီချက်ကို ၂ဝ၂၂ ခုနှစ်တွင် ကုလသမဂ္ဂ နှင့် တူရကီတို့က ကြားဝင်စေ့စပ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကလောမြို့တွင် ALPHARD ကားပေါ်မှ ကျပ်သိန်း(၇၅၀၀) တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ