ကလောမြို့တွင် ALPHARD ကားပေါ်မှ ကျပ်သိန်း(၇၅၀၀) တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
သန့်ဇင် (NSS) - ဒီဇင်ဘာ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့တွင် ALPHARD ကားပေါ်မှ ငွေကျပ်သိန်း (၇၅၀၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့က ပြီးခဲ့သော ဒီဇင်ဘာ လ ၁၅ ရက်၊ ညနေ ၄ နာရီခွဲအချိန်တွင် ကလောမြို့၊ တောင်ကြီး-မိတ္ထီလာ သွားကားလမ်း၊ မြို့ဝင်တိုးဂိတ်အနီးတွင် အထက် ပါကဲ့သို့ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုးဂိတ်အနီးတွင် တောင်ကြီးဘက်မှ ကလောဘက်သို့ အောင်မျိုးထွန်း(ခ)အောင်မျိုး မောင်းကာ သွင်ဇာအောင်လိုက်ပါလာသည့် TOYOTA ALPHARD ကားအား စစ်ဆေးရှာဖွေခဲ့ရာ ကားပေါ်မှ ငွေကျပ်သိန်း(၇၅၀၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေး ပြား (၁၅)သိန်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့နောက် ဆက်လက်စစ်ဆေးချက်အရ ဖမ်းဆီးရမိခဲ့သည့် စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်းသို့ သယ်ဆောင်ရောင်းချခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ၎င်းတို့(၂)ဦးအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်များအား စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပဋိပက္ခများကြောင့် ပြည်တွင်းရွှေ့ပြောင်းနေထိုင်မှုများမြင့်တက်လာပြီး စားနပ်ရိက္ခာဖူလုံမှုကို ခြိမ်းခြောက်နေဟုဆို
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း