မြန်မာနိုင်ငံရေးအခြေအနေများက ခက်ခဲရှုပ်ထွေးမှုတွေရှိနေပြီး နိုင်ငံတကာအဖွဲ့အစည်းတွေ ပူးပေါင်းပါဝင် ကြိုးပမ်းရမယ်လို့ အမေရိကန်အစိုးရ ထုတ်ဖော်ပြောဆို
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၁၈
အမေရိကန်အစိုးရက မြန်မာနိုင်ငံမှာ ဖြစ်ပွားလျက်ရှိနေတဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့နဲ့ ဒီမိုကရေစီလမ်းကြောင်းအပေါ် ပြန်လည်ရောက်ရှိစေအောင်ကြိုးပမ်းနေပြီး အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်အောင် ကမ္ဘောဒီးယားနိုင်ငံနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မီလစ်ဆာ ဘရောင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံဆွေးနွေးချိန်အတွင်း ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။
၎င်းက "ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး အပါအဝင် အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးချိန်အတွင်း မြန်မာနိုင်ငံရေးနဲ့ပတ်သက်ပြီး စိုးရိမ်ရတဲ့အခြေအနေတွေကို အပြန်အလှန် မျှဝေပြောဆိုတာမျိုးတွေ လုပ်ခဲ့တယ်။ လူကုန်ကူးမှုအခြေအနေတွေအပြင် ဆိုင်ဘာ ရာဇဝတ်မှုတွေနဲ့လည်း ဆွေးနွေးခဲ့တယ်။ မြန်မာနိုင်ငံရေးအခြေအနေ တွေလည်း ဆွေးနွေးခဲ့တယ်။ မြန်မာနိုင်ငံရဲ့အခြေအနေတွေဟာ အလွန်ခက်ခဲရှုပ်ထွေးတယ်။ မြန်မာနိုင်ငံရေး အငြင်းပွားမှုတွေကိုဖြေရှင်းနိုင်ဖို့ မတူညီတဲ့အဖွဲ့အစည်းတွေ၊ အခြားနိုင်ငံတွေ ပူးပေါင်းပါဝင်ဖြေရှင်းဖို့ လိုအပ် တယ်။ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းအပေါ် ပြန်လည်လျှောက်လှမ်းနိုင်အောင် အငြင်းပွားမှုများကို ဖြေရှင်းနိုင်အောင် နိုင်ငံတစ်နိုင်ငံချင်းစီအပြင် အာဆီယံ၊ ကုလသမဂ္ဂအဖွဲ့စည်းတွေ ပူးပေါင်းပါဝင်ဖို့ လိုအပ်တယ်" လို့ ပြောပါတယ်။
မြန်မာနိုင်ငံရေး အငြင်းပွားမှုများကိုဖြေရှင်းနိုင်ဖို့ ကြိုးပမ်းရာမှာ အာဆီယံအဖွဲ့ရဲ့ ကြိုးပမ်းမှုတွေကို အားပေးကူညီ ပေးသွားမှာဖြစ်သလို ပူးပေါင်းဆောင်ရွက်မယ့်အခြေအနေများနဲ့ စိန်ခေါ်မှုများ၊ ဖြစ်လာနိုင်ဖွယ်ရှိတဲ့ရလဒ်တွေနဲ့ ပတ်သက်ပြီးလည်း ဆွေးနွေးခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
အာဆီယံဟာ လက်ရှိအချိန်မှာ မြန်မာနိုင်ငံရေးအခက်အခဲကို ဖြေရှင်းနိုင်အောင် ကြားဝင်စေ့စပ်ဆွေးနွေးနေပြီး အာဆီယံသဘောတူညီချက်ငါးချက်ကို အပြည့်အဝအကောင်အထည်ဖော်ရေးတွန်းအားပေးနေပေမယ့် လက်ရှိအချိန်အထိ တိုးတက်မှုမရှိသေးဘူးလို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သူငယ်ချင်းအချင်းချင်း အုပ်စုဖွဲ့အရက်သောက်စဉ် စကားများရန်ဖြစ်ကာ ဓားဖြင့်ထိုးသတ်မှုဖြစ်ပွား
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ