သူငယ်ချင်းအချင်းချင်း အုပ်စုဖွဲ့အရက်သောက်စဉ် စကားများရန်ဖြစ်ကာ ဓားဖြင့်ထိုးသတ်မှုဖြစ်ပွား
သန့်ဇင် (NSS) - ဒီဇင်ဘာ ၁၈
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် အုပ်စုဖွဲ့အရက်သောက်စဉ် စကားများရန်ဖြစ်ကာ ဓားဖြင့်ထိုးသတ်မှုဖြစ်ပွားခဲ့ကြောင်း ရွှေရောင်မေတ္တာလူမှုကူညီရေးအသင်း(စစ်တွေ)ထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဒီဇင်ဘာ ၁၇ ရက်)၊ ည ၈ နာရီအချိန်တွင် စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သူတို့တွေက သူငယ်ချင်းတွေ အရက်စုသောက်နေရင်းကနေ စကားများပြီး ဓားနဲ့ထိုးတာလို့ သိရတယ်။ ဓားဒဏ်ရာက များတယ်။ (၄)ချက်လောက်ရှိတယ်” ဟု ရွှေရောင်မေတ္တာလူမှုကူညီရေးအသင်း(စစ်တွေ)မှ တာဝန်ရှိ သူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါဖြစ်စဉ်တွင် ဓားဖြင့်ထိုးသတ်ခံရသည့် စက်ရုံစုရပ်ကွက်၌နေထိုင်သူ အသက်(၂၃)နှစ်အရွယ် အမျိုးသား၏ ရင်ဘက်၊ ကျောကုန်းနှင့် နံကြားတို့တွင် ထိုးသွင်းဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
“ထိုးတဲ့သူက ဘယ်သူလဲမသိရသေးဘူး။ ဓားဒဏ်ရာတွေက ရင်ဘက်မှာတစ်ချက်ရှိတယ်။ ပြီးတော့ ကျောမှာ(၂) ချက်နဲ့ နံကြားမှာက တစ်ချက်ရှိတယ်။ ဆေးရုံပို့ဖို့ လုပ်နေတုန်းမှာပဲ ဆုံးသွားတာ” ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့ကြောင့် သေဆုံးသူအမျိုးသားအား ရွှေရောင်မေတ္တာလူမှုကူညီရေးအသင်းမှ စစ်တွေမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နေအိမ်ရှေ့ရှိဆိုင်ကယ်အား အုပ်စုဖွဲ့ကာ ဓားဖြင့်ခြိမ်းခြောက်ဝင်ရောက် လုယက်မှု မန္တလေးမြို့၌ ဖြစ်ပွား
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း