အမေရိကန်နိုင်ငံတွင် အိမ်ခြေယာမဲ့အရေအတွက် စံချိန်တင်မြင့်တက်နေ
Pika (NSS) - ဒီဇင်ဘာ ၁၈
အမေရိကန်နိုင်ငံတွင် အိမ်ခြေယာမဲ့များ ယခင်ထက်ပိုမိုများပြားလာနေကြောင်း အမေရိကန်ပြည်ထောင်စု၏ အိမ်ရာနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဌာန (HUD) က ဒီဇင်ဘာလ(၁၅)ရက်တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတစ်ခု အရ သိရသည်။
အိမ်ခြေယာမဲ့များ ပိုမိုများပြားလာခြင်းနှင့်ပတ်သက်ပြီး ငွေကြေးဖောင်းပွမှု၊ အိမ်ရာရှားပါးမှု နှင့် ကိုဗစ်(၁၉) ကပ်ရောဂါကာလအတွင်း ချမှတ်ခဲ့သော နှင်ထုတ်ခြင်းဆိုင်ရာကာကွယ်ရေးအစီအစဉ်များ သက်တမ်းကုန်ဆုံးသွား ခြင်းတို့ကို အဆိုပါအေဂျင်စီက ပြစ်တင်ဝေဖန်ခဲ့ကြောင်းလည်း သိရသည်။
HUD ၏ အစီရင်ခံစာအရ အမေရိကန်နိုင်ငံတွင် နှစ်စဉ်အိမ်ခြေယာမဲ့အရေအတွက်သည် ပြီးခဲ့သည့်ဇန်နဝါရီလတွင် (၆၅၃၁ဝ၄) ဦးထိရောက်ရှိခဲ့ပြီး အိမ်ခြေယာမဲ့အရေအတွက်ကို စစ်တမ်းကောက်ယူရန်အတွက် အဆိုပါအေဂျင်စီကို စတင်ဖွဲ့စည်းခဲ့သည့် ၂ဝဝ၇ ခုနှစ်နောက်ပိုင်း စံချိန်တင် အမြင့်ဆုံးဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါကိန်းဂဏန်းသည် ပြီးခဲ့သည့်နှစ်တွင် ကောက်ယူခဲ့သော အိမ်ခြေယာမဲ့အရေအတွက်ထက် (၁၂)ရာခိုင်နှုန်း ပိုမိုတိုးလာခဲ့ပြီး အိမ်ခြေယာမဲ့လူဦးရေ (၇ဝ၆၅ဝ) ဦး ပိုတိုးလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် အိမ်ခြေယာမဲ့များ၏ သုံးပုံတစ်ပုံ(၃၁)ရာခိုင်နှုန်းသည် အမိုးအကာများမရှိဘဲ နေကြရကြောင်းလည်း သိရသည်။ အဆိုပါပြဿနာများကို ဖြေရှင်းရန်အတွက် အစိုးရမှပံ့ပိုးပေးသော ဆောက်လုပ်ရေးလုပ်ငန်းများသည် အရှိန်အဟုန်ဖြင့် တည်ဆောက်မှုများကို ဆက်လက်လုပ်ဆောင်နေကြောင်း အခိုင်အမာပြောဆိုမှုများရှိနေသော် လည်း အငှားအိမ်ရာများသည် ၂ဝ၂၂ ခုနှစ်ကတည်းက ပိုမိုရှားပါးလာခဲ့ကြောင်း HUD က ပြောခဲ့သည်။
ထို့အပြင် အငှားအိမ်ရာများ ရှိခဲ့မည်ဆိုလျှင်တောင် ငွေကြေးတတ်နိုင်မှု အကျပ်အတည်းက ဆက်လက်ရှိနေဆဲဖြစ် ကြောင်း HUD က ပြောဆိုခဲ့သည်။ ၂ဝဝ၁ ခုနှစ်မှ ၂ဝ၂၂ ခုနှစ်အတွင်း ပျမ်းမျှငှားရမ်းခများသည် (၁၈ ဒသမ ၈) ရာခိုင်နှုန်းမြင့်တက်လာခဲ့သော်လည်း အဆိုပါကာလအတွင်း ပျမ်းမျှဝင်ငွေမှာ (၄ ဒသမ ၃) ရာခိုင်နှုန်းသာ တိုးလာ ခဲ့ကြောင်း သိရသည်။
ထို့အပြင် ပျမ်းမျှဝင်ငွေရှိသော အိမ်ထောင်စုများသည် ၎င်းတို့ဝင်ငွေ၏ (၃ဝ) ရာခိုင်နှုန်းနီးပါးကို ငှားရမ်းခအတွက် ပေးဆောင်နေရကြောင်း Moody's Analytics က ယခုနှစ်အစောပိုင်းတွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာတစ်ခုအရ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘေးတွဲဆိုင်ကယ်မောင်းနေသည့် ရဲတပ်ကြပ်တစ်ဦး သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရမှု ကော့မှူးမြို့နယ်တွင် ဖြစ်ပွား
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ