Mattel က American Girl အရုပ်ဇာတ်ကားကို လူသားဗားရှင်းနဲ့ရိုက်ကူးဖို့ စဉ်းစားနေ
ရောင်နီ (NSS) - ဒီဇင်ဘာ ၁၆
အရုပ်ထုတ်လုပ်တဲ့ကုမ္ပဏီဖြစ်တဲ့ Mattel ဟာ ယခုနှစ်အစောပိုင်းက Barbie ဇာတ်ကားရဲ့ box-office အောင်မြင်မှုကို ရရှိခဲ့ပြီးနောက် Paramount Pictures နဲ့ Temple Hill Entertainment တို့နဲ့ ပူးပေါင်းပြီး ၎င်းရဲ့ American Girl အရုပ်ဇာတ်ကားကို အခြေခံကာ လူသားဗားရှင်းနဲ့ရိုက်ကူးဖို့ စီစဉ်ထားတယ်လို့ ဗုဒ္ဓဟူးနေ့ (ဒီဇင်ဘာလ ၁၃ ရက်) မှာ ပြောကြားခဲ့ပါတယ်။
အဆိုပါဇာတ်ကားကို Netflix ဇာတ်ကား Sierra Burgess Is A Loser ရဲ့ စာရေးသူ လင့်ဆေအန်ဒါဆန်ဘီယာက ဇာတ်ညွှန်းရေးပြီး ရုပ်ရှင်ထုတ်လုပ်မယ်လို့ သိရပါတယ်။
ဒါကြောင့် Mattel ရဲ့ရှယ်ယာတွေကလည်း အရောင်းအ၀ယ်မှာ သိသိသာသာမြင့်တက်လာတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လက ထွက်ရှိခဲ့တဲ့ မားဂေါ့ရော်ဘီ ပါဝင် သရုပ် ဆောင်ထားတဲ့ "Barbie" ရုပ်ရှင်ဟာ အောင်မြင်မှုကြီးကြီးမားမားရရှိခဲ့ပြီး ၎င်းဟာ Mattel အတွက် အမေရိကန်ဒေါ်လာ ၁၂၅ သန်းကျော် ပံ့ပိုးပေးနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။
အခုမိန်းကလေးတွေရဲ့စွန့်စားခန်းကို ပုံဖော်ထားတဲ့ "American Girl" ကိုလည်း ၎င်းက မျှော်လင့်ထားပါတယ်။
ဒါပေမဲ့ "American Girl" လူသားဗားရှင်းရုပ်ရှင်ကို ဘယ်နေ့ စတင်ရိုက်ကူးပြီး ရုံတင်ပြသသွားမလဲဆိုတာကိုတော့ မသိရသေးပါဘူး။
၎င်းနဲ့ တွဲဖက်ရိုက်ကူးမယ့် မီဒီယာနဲ့ ဖျော်ဖြေရေးကုမ္ပဏီ Paramount Global ရဲ့ ယူနစ်တစ်ခုဖြစ်တဲ့ Paramount Pictures ဟာ Mission Impossible အပါအဝင် ရုပ်ရှင် franchise အများအပြားကိုထုတ်လုပ်ရိုက်ကူးခဲ့သူဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စင်ကာပူမှာ တက္ကစီယာဉ်မောင်း (၇)ဦး ခရီးသည်ဆီမှ ငွေပိုတောင်းခံခြင်းကြောင့် ဖမ်းဆီးခံရ
RELATED POSTS
21 Nov 2024 | အနုပညာ,နိုင်ငံတကာ
14 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ