စင်ကာပူမှာ တက္ကစီယာဉ်မောင်း (၇)ဦး ခရီးသည်ဆီမှ ငွေပိုတောင်းခံခြင်းကြောင့် ဖမ်းဆီးခံရ
ရောင်နီ(NSS) - ဒီဇင်ဘာ ၁၆
စင်ကာပူနိုင်ငံ၊ Marina Bay Sands (MBS) နဲ့ Changi လေဆိပ်မှာ လေးလတာကာလအတွင်း တက္ကစီငှားရမ်းရာမှ ငွေပိုပေးဆောင်ရတဲ့ခရီးသည်တွေ ရှိလာခဲ့တာကြောင့် တက္ကစီယာဉ် မောင်း (၇)ဦး ဖမ်းဆီးခံခဲ့ရပါတယ်။
၂၀၂၃ ခုနှစ် စက်တင်ဘာလမှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်း တက္ကစီယာဉ်မောင်း ၄ ဦးဟာ ခရီးစဉ်မီတာခ(တက္ကဆီခ) ထက် ကျော်လွန်ပြီး ခရီးသည်တွေဆီမှ ဒေါ်လာ ၂၀ ပိုတောင်းခံခဲ့တယ်လို့ ကုန်းလမ်းပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ (LTA) က ဒီဇင်ဘာ လ ၁၅ ရက်မှာ ပြောကြားခဲ့ပါတယ်။
အဆိုပါယာဉ်မောင်း လေးဦးကို အများပြည်သူသယ်ယူပို့ဆောင်ရေးကောင်စီအက်ဥပဒေအရ ၎င်းတို့ ပြစ်မှုအတွက် ဒဏ်ငွေဒေါ်လာ ၅၀၀ ကောက်ခံခဲ့ပါတယ်။
အခြားယာဉ်မောင်း သုံးဦးကတော့ မီတာခနှုန်းထားထက်ကျော်လွန်ပြီး ယာဉ်စီးခပေးဆောင်ဖို့ ခရီးသည်တွေကို တောင်းခံခဲ့ပေမယ့် ခရီးသည်တွေက မပေးခဲ့တာကြောင့် ပြစ်ဒဏ် ဒေါ်လာ ၁၀၀ စီ ကောက်ခံခဲ့တယ်လို့ သိရပါတယ်။
အဆိုပါဖြစ်ရပ်မျိုးဟာ LTA အသက်မွေးဝမ်းကြောင်းလိုင်စင် Demerit Points စနစ်အောက် အကျင့်ပျက်ခြစားမှုနဲ့ ၎င်းတို့ရဲ့အသက်မွေးဝမ်းကြောင်းလိုင်စင်တွေတောင် ဆိုင်းငံ့ ခံထားရနိုင်ပါတယ်။
LTA နဲ့ MBS ဟာ ယာဉ်ကြောပိတ်ဆို့မှုအခြေအနေ ဖြေရှင်းရေးအတွက် ကားလမ်းတွေမှာ တက္ကစီတွေကို စီမံခန့်ခွဲရာမှာ အနီးကပ်ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားထုတ် Su-30 SME တိုက်လေယာဉ်နှစ်စင်း တပ်တော်ဝင်၊ လက်နက်ကိုင်များ နှင့် PDF များကို ချေမှုန်းရာတွင် လေကြောင်းကို ထိရောက်စွာအသုံးချနေဟု တပ်ချုပ်ပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း