မူဆယ် (၁၀၅)မိုင်ရှိ တပ်မတော်စခန်းကုန်း နောက်ဆုတ်ပေးခဲ့ရသော်လည်း လေကြောင်းပစ်ကူများဖြင့် ပြန်လည်ထိုးစစ်ဆင်နေဟုဆို
မြူနစ် (NSS) - ဒီဇင်ဘာ ၁၅
ရှမ်းပြည်နယ်၊ မူဆယ် (၁၀၅)မိုင်ရှိ တပ်မတော်စခန်းကုန်း နောက်ဆုတ်ပေးခဲ့ရသော်လည်း လေကြောင်းပစ်ကူများဖြင့် ပြန်လည်ထိုးစစ်ဆင်နေကြောင်း သိရသည်။
မူဆယ် (၁၀၅)မိုင်ရှိ တပ်စခန်းကုန်းသည် ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA နှင့် တအာင်းလက်နက်ကိုင်အဖွဲ့ TNLA တို့၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် ယမန်နေ့(ဒီဇင်ဘာလ ၁၄ ရက်)ညပိုင်းတွင် စခန်းဆုတ်ခွာပေးခဲ့ရကြောင်း မူဆယ်ဒေသခံများထံမှ သိရသည်။
သို့သော် တပ်မတော်အနေဖြင့် ၎င်းစခန်းကုန်းအား ပြန်လည်ရရှိရေးအတွက် လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများဖြင့် ပြန်လည်ထိုးစစ်ဆင်ကာ ကြိုးပမ်းနေလျက်ရှိကြောင်းလည်း ဒေသခံများက ပြောသည်။
“မူဆယ် ၁၀၅ မိုင်ကုန်းကတော့ မနေ့က တပ်ကနောက်ဆုံးပေး လိုက်တယ်။ မနေ့က ညပိုင်းကတည်းက ပြန်တိုက်နေတယ်။ လေယာဉ်တွေနဲ့ရော၊ လက်နက်ကြီးတွေနဲ့ရော ပြန်ပြီးကြိုးစားနေတာတွေ့ရတယ်။ ဒီနေ့လည်း ဆက်တိုက်နေတယ်။ အခုချိန်ထိပါ တိုက်နေတာ”ဟု မူဆယ်မြို့ခံတစ်ဦးက NSS ကို ပြောသည်။
အဆိုပါစခန်းကုန်း နောက်ဆုတ်ပေးခဲ့ရသည့်အခြေအနေနှင့်ပတ် သက်၍ နစကသတင်းထုတ်ပြန်ရေးအဖွဲ့က လက်ရှိအချိန်ထိ တစ်စုံတစ်ရာထုတ်ပြန်ပြောခြင်းမျိုး မရှိသေးပေး။
မူဆယ် (၁၀၅)ရှိ တပ်စခန်းကုန်းသည် ကုန်သွယ်ရေးဇုန်အနီးတွင်တည်ရှိပြီး ပြီးခဲ့သော ကာလများအတွင်း၌ Drop ဗုံးများ ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားထိခိုက်သေဆုံးခြင်း၊ ပြည်သူလူထုနေအိမ်များ ထိခိုက်ပျက်စီးခြင်းစသောဖြစ်စဉ်များ ဖြစ်ပွားခဲ့ဖူးသည်။
ထို့ပြင် မူဆယ်မြို့အနီးရှိ ကျေးရွာအချို့တွင်လည်း တပ်မတော်နှင့် MNDAA၊ TNLA ပူးပေါင်းအဖွဲ့များကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေလျက်ရှိကြောင်း ဒေသခံများက ပြောသည်။
မူဆယ် (၁၀၅)မိုင်အပါအဝင်၊ မူဆယ်မြို့နှင့်တစ်ဝိုက်အား MNDAA၊ TNLA ပူးပေါင်းအဖွဲ့များက ကျူးကျော်တိုက်ခိုက်ကာ တိုက်ပွဲဖော်ဆောင်လာသည့်အတွက် ဒေသခံပြည်သူများအနေဖြင့် နေရပ်စွန့်ခွာကာ စစ်ဘေးရှောင်နေရလျက်ရှိသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နမ္မတူမြို့ရှိ အ.ထ.က(၁)ကျောင်းအနီးတွင် လုံခြုံရေးအဖွဲ့ဝင်များ နှင့် TNLA အဖွဲ့တို့ မိနစ်ပိုင်းကြာအပြန်အလှန်ပစ်ခတ်မှုဖြစ်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ