အဓိပ္ပါယ်မဲ့ ပစ်ခတ်တိုက်ခိုက်ဖျက်ဆီးမှုများ၏ ဆိုးကျိုးကို ဒေသခံတိုင်းရင်းသားများ ခံစားနေရဟု ရခိုင်ပြည်နယ်နေ့၌ တပ်ချုပ်ပြော
ကျော်(NSS) ဒီဇင်ဘာ ၁၅
လက်ရှိကာလတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့် ပြည်ပ စွက်ဖက်မှုများကြောင့် တည်ငြိမ်အေးချမ်းမှုပျက်ပြားပြီး အဓိပ္ပါယ်မဲ့ပစ်ခတ်တိုက်ခိုက်နှောင့်ယှက်ဖျက်ဆီးမှုများ၊ ပဋိပက္ခများ၏ ဆိုးကျိုးကို ဒေသခံတိုင်းရင်းသားများကိုင်တိုင်ခံစားနေရ ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
ယနေ့(ဒီဇင်ဘာလ ၁၅ ရက်)တွင်ကျရောက်သည့် (၄၉) နှစ် မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနားသို့ နစက ဥက္ကဋ္ဌမှသဝဏ်လွှာပေးပို့ရာ၌ အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
"တည်ငြိမ်အေးချမ်းမှု မရှိသမျှကာလပတ်လုံး တိုင်းရင်းသားပြည်သူတွေရဲ့ လူမှုစီးပွားဘဝဖွံ့ ဖြိုးတိုးတက်မှုဟာ အလှမ်းဝေးနေမှာ ဖြစ်သလို တစ်ဦးချင်းအခွင့်အရေးနဲ့ အခွင့်အလမ်းတွေလည်းဆုံးရှုံးမှုတွေကြုံတွေ့နေမှာဖြစ်ပါတယ်"ဟု နစက ဥက္ကဋ္ဌကပြောသည်။
ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်ခဲ့၍ ယခင်ထက် အဆပေါင်းများစွာပြောင်းလဲတိုးတက်သော်လည်း လက်ရှိတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့် ပြည်ပစွက် ဖက်မှုများကြောင့် တည်ငြိမ်အေးချမ်းမှုပျက်ပြားကာ အဓိပ္ပာယ်မဲ့ပစ်ခတ်တိုက်ခိုက်နှောင့်ယှက်ဖျက်ဆီးမှုများ၊ ပဋိပက္ခများ၏ ဆိုးကျိုးကို ဒေသခံတိုင်းရင်းသားများကိုယ်တိုင် ခံစားနေကြရသည်ဟု ဆိုသည်။
ထို့ကြောင့် နစက အနေဖြင့် ပြည်သူများလိုလားတောင့်တသည့် အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်ကြီးဆီလျှောက်လှမ်းရာ၌ ပြည်ထောင်စုငြိမ်းချမ်းရေးအတွက် NCA လမ်းကြောင်းအတိုင်း လျှောက်လှမ်းလျက်ရှိသည်ဟု ဆိုသည်။
"ပြည်ထောင်စုကြီးငြိမ်းချမ်းရေးအတွက် NCA လမ်းကြောင်းအတိုင်းလျှောက်လှမ်းခြင်းကသာ မိမိတို့အားလုံးမျှော်လင့်ထားတဲ့ အေးချမ်းသာယာသော နိုင်ငံတော်ကြီးကိုတည်ဆောက်နိုင်မှာဖြစ်ပါတယ်"ဟု နစက ဥက္ကဋ္ဌကပြောသည်။
ထို့ပြင် ငြိမ်းချမ်းရေးဖော်ဆောင်ရာ၌ ပြည်ပစွက်ဖက်မှုနှင့်ပြည်တွင်းပယောဂကင်းကင်းဖြင့် တိုင်းရင်းသားအချင်းချင်း ပြည်ထောင်စုစိတ်ဓာတ်အရင်းခံကာ နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းသည်သာ အောင်မြင်နိုင်မည်ဟု နစက ဥက္ကဋ္ဌကပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မူဆယ် (၁၀၅)မိုင်ရှိ တပ်မတော်စခန်းကုန်း နောက်ဆုတ်ပေးခဲ့ရသော်လည်း လေကြောင်းပစ်ကူများဖြင့် ပြန်လည်ထိုးစစ်ဆင်နေဟုဆို
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ