မြောက်ကိုရီးယားနိုင်ငံအနေနဲ့ ဒီလအတွင်းမှာ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်လွှတ်ဖွယ်ရှိနေ
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၁၅
မြောက်ကိုရီးယားဟာ ဒီလအတွင်းမှာပဲ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် (ICBM) ဒုံးကျည် စမ်းသပ်ဖွယ်ရှိနေကြောင်း တောင်ကိုရီးယားအကြီးတန်းအရာရှိတစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
တောင်ကိုရီးယား နဲ့ အမေရိကန်တို့ဟာ မြောက်ကိုရီးယားရဲ့နျူကလီးယားလက်နက်တွေနဲ့ ခြိမ်းခြောက်မှုတွေကို တုံ့ပြန်ဖို့ မဆွေးနွေးခင် အခုလိုမျိုးပြောဆိုခဲ့တာဖြစ်ပါတယ်။ တောင်ကိုရီးယားအမျိုးသားလုံခြုံရေးအကြံပေး ကောင်စီလက်ထောက်အကြံပေးဖြစ်သူကင်တေဟိုက "မြောက်ကိုရီးယားနိုင်ငံဟာ အမေရိကန်နိုင်ငံရဲ့မဟာ ဗျူဟာတွေကို ကြိုတင်တားဆီးဖို့ ပဲ့ထိန်းဒုံးကျည်တွေကို ဒီလအတွင်းစမ်းသပ်သွားဖွယ် ရှိနေပါတယ်။ မြောက်ကိုရီးယားဟာ ဒီဇင်ဘာလအတွင်း တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုတွေဖြစ်လာနိုင်တယ်" လို့ ပြောပါတယ်။
မြောက်ကိုရီးယားနိုင်ငံက စမ်းသပ်ပစ်လွှတ်မယ့်တိုက်ချင်းပစ်ဒုံးကျည်ဟာ နျူကလီးယားထိပ်ဖူး စမ်းသပ်ပစ်လွှတ် နိုင်တဲ့ဒုံးကျည်အမျိုးအစားဖြစ်နိုင်ဖွယ်ရှိနေကြောင်း ၎င်းက ထပ်မံပြောဆိုခဲ့ပါတယ်။
မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့နှစ်ကတည်းက စတင်ပြီး အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့ကို ရောက်ရှိပစ်ခတ်နိုင်စွမ်းရှိမယ့် ဒုံးကျည်အမျိုးမျိုးကို စမ်းသပ်နေခဲ့ကြောင်း သိရပါတယ်။ တောင်ကိုရီးယားသမ္မတ ယွန်ဆက်ယိုလ်က တောင်ကိုရီးယားဟာ မြောက်ကိုရီးယားရဲ့ရန်စတိုက်ခိုက်မှုတွေကို ကြိုတင်ဟန့်တားနိုင်ဖို့ မဟာဗျူဟာမြောက်အစီအစဉ်တွေကို အရှိန်မြင့်လုပ်ဆောင်နေရပြီး အမေရိကန် နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ မြင့်တက်လာနေကြောင်း သိရပါတယ်။
မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့လပိုင်းမှာ စစ်ဘက်သုံးစပိုင်ဂြိုလ်တုကို ပထမဆုံးအကြိမ်အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပြီး အဲဒီစပိုင်ဂြိုလ်တုက တစ်ဆင့်ရိုက်ကူးထားတဲ့ အမေရိကန်အစိုးရအဆောက်အဦးများရဲ့ဓါတ်ပုံတွေကို ရိုက်ကူးပြသခဲ့ဖူးကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တာချီလိတ်မြို့နယ်တွင် ဆိုင်ကယ်ဖြင့် သယ်ဆောင်လာသည့် လက်ဆွဲအိတ်အတွင်းမှ ကျပ်သိန်း(၄၅၀၀)ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ