တာချီလိတ်မြို့နယ်တွင် ဆိုင်ကယ်ဖြင့် သယ်ဆောင်လာသည့် လက်ဆွဲအိတ်အတွင်းမှ ကျပ်သိန်း(၄၅၀၀)ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ
သန့်ဇင်(NSS) - ဒီဇင်ဘာ ၁၅
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်တွင် ဆိုင်ကယ်ဖြင့် သယ် ဆောင်လာသည့် လက်ဆွဲအိတ်အတွင်းမှ ကျပ်သိန်း(၄၅၀၀) ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့က ယမန်နေ့ (ဒီဇင်ဘာ လ ၁၄ ရက်)၊ ညနေ ၅ နာရီခွဲအချိန်ခန့်တွင် တာချီလိတ်မြို့နယ်၊ ဝှေလေလန်ကျေးရွာအနီးတွင် အထက်ပါကဲ့သို့ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါကျေးရွာအနီးတွင် မအီလာ(၄၀)နှစ် မောင်းနှင်လာသည့် ဆိုင်ကယ်အား စစ်ဆေးရှာဖွေခဲ့ရာ ဆိုင်ကယ်ခွကြားတွင် တင် ဆောင်လာသော လက်ဆွဲအိတ်အတွင်းမှ ငွေကျပ်သိန်း(၄၅၁၀) တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး(Happy Water) အလေးချိန်(၄ ဒသမ ၁ ကီလို)ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အလားတူ ပြီးခဲ့သော ဒီဇင်ဘာလ ၁၃ ရက်၊ နံနက် ၉နာရီ ၄၅ မိနစ် အချိန်တွင်လည်း စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ ရတနာပုံတံတားအနီးတွင် ငွေကျပ်သိန်း (၁၁၄၈ ဒသမ ၇၅)သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
အဆိုပါ တံတားအနီးတွင် မန္တလေးမြို့ဘက်မှ နမ့်တောမြို့ဘက်သို့ မောင်းနှင်လာသည့် ခရီသည်တင်ကားအား စစ်ဆေးရှာဖွေခဲ့ရာ ခရီးသည် စည်သူ၏ ခရီးဆောင်အိတ်အတွင်းမှ ငွေကျပ် ၄၃၆ ဒသမ ၇၅ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၇၄၇၀ ပြားနှင့် ငွေကျပ် ၇၁၂ သိန်းတန်ဖိုးရှိ ဘိန်းဖြူအလေးချိန် ၁ ဒသမ ၄၂၄ ကီလိုဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ၎င်းတို့(၂)ဦးအား သက်ဆိုင်ရာနယ်မြေရဲစခန်းများတွင် မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရအမှုဖွင့် အရေးယူထားပြီးကွင်းဆက်များအား စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်နိုင်ငံရေးခေါင်းဆောင်တို့၏ မိသားစုလျှို့ဝှက်ချက်များနှင့် နှစ်ပေါင်း ၄ဝဝ ခန့် ကျွန်ကုန်ကူးမှုတွင် အာဖရိကလူမည်းမျိုးနွယ်အချို့ မျိုးသုဉ်းပျောက်ကွယ်ခဲ့ရ(ဘာသာပြန်ဆောင်းပါး)
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း