မြန်မာနိုင်ငံရှိ ကလေးငယ်(၄)သန်းကျော်သည် ပညာသင်ခွင့်ပျောက်ဆုံးနေပြီး တိုက်ခိုက်မှုများ၌ ပစ်မှတ်ထားခံနေရကြောင်း UNICEF MYANMAR ဆို
ယွန်း (NSS) - ဒီဇင်ဘာ ၁၅
မြန်မာနိုင်ငံရှိ ကလေးငယ်(၄)သန်းကျော်သည် ပညာသင်ခွင့်ပျောက်ဆုံးနေပြီး တိုက်ခိုက်မှုများတွင် ပစ်မှတ်ထားခံနေရကြောင်း UNICEF MYANMAR ၏ 2024 Humanitarian Action for Children အစီရင်ခံစာအရ သိရသည်။
မြန်မာနိုင်ငံရှိ ကလေးငယ်(၄)သန်းကျော်သည် ပညာသင်ကြားခွင့် ပျောက်ဆုံးနေပြီး ယခုအခါ တိုက်ခိုက်မှုများ၌ ပစ်မှတ်ထားခံရခြင်းအပြင် တိုက်ခိုက်မှုများအတွင်းသို့ အတင်းအဓမ္မလူသစ်စု ဆောင်းခံရခြင်း၊ မတရားဖမ်းဆီးထိန်းသိမ်းခံရခြင်းများကို ရင် ဆိုင်နေရကြောင်း UNICEF MYANMAR က ဖော်ပြထားသည်။
ကိုဗစ်(၁၉)ကပ်ရောဂါ နှင့် တပ်မတော်ကအာဏာသိမ်းယူမှုကြောင့် ဖြစ်ပေါ်လာသည့် လူထုအုံကြွမှုနှင့် မတည်ငြိမ်မှုများကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းများပိတ်ထားရခြင်းအပြင် ပညာရေးပြတ်တောက်ခြင်းတို့ဖြစ်ပေါ်ခဲ့ရာ ကလေးများ၏ပညာရေးများကို အဟန့်အတားဖြစ်စေခဲ့ကြောင်း အစီရင် ခံစာက ဆိုထားသည်။
ထို့ပြင် ကလေးငယ်(၆)သန်းတွင်လည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများလိုအပ်နေပြီး နေရပ်နှင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှုများမြင့်တက်လာခြင်း နှင့် ဝန် ဆောင်မှုပြတ်တောက်ခြင်းများနှင့်လည်း ရင်ဆိုင်နေရကြောင်း ဖော်ပြထားသည်။
လာမည့် ၂၀၂၄ ခုနှစ်တွင် နိုင်ငံလူဦးရေ၏ သုံးပုံတစ်ပုံနီးပါးဖြစ်သော လူဦးရေ ၁၈ ဒသမ ၆ သန်းသည် လူသားချင်းစာနာထောက်ထားမှု အကူအညီများ လိုအပ်နိုင်ကြောင်း UNICEF MYANMAR ၏ အစီရင်ခံစာက ခန့်မှန်းထားသည်။
ထို့ပြင် ငွေကြေးဖောင်းပွမှုမြင့်တက်လာခြင်းနှင့် အိမ်ထောင်စုဝင်ငွေများကျဆင်းလာခြင်းကြောင့် နေရပ်နှင့်အိုးအိမ်စွန့်ခွာထွက်ပြေးရသူများနှင့် ထိခိုက်လွယ်ဆုံးသူများသည် အစားအစာနှင့် သန့်ရှင်းသောရေ အပါအဝင် ၎င်းတို့၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် ရုန်းကန်နေရကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြောက်ကိုရီးယားနိုင်ငံအနေနဲ့ ဒီလအတွင်းမှာ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်လွှတ်ဖွယ်ရှိနေ
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း