မလေးရှားနိုင်ငံသို့လာရောက်မည့် မြန်မာနိုင်ငံသားများအနေဖြင့် ဇန်နဝါရီလမှစ၍ MDAC စနစ်ကို အွန်လိုင်းမှ မဖြစ်မနေဖြည့်သွင်းရမည်
ယွန်း (NSS) - ဒီဇင်ဘာ ၁၅
လာမည့် ဇန်နဝါရီလ(၁)ရက်မှစ၍ မလေးရှားနိုင်ငံသို့လာရောက်မည့် မြန်မာနိုင်ငံသာများအား MDAC စနစ်ကိုအွန်လိုင်းမှ မဖြစ်မနေဖြည့်သွင်းရန် မလေးရှားရှိ မြန်မာသံရုံးက ထုတ်ပြန်ထား သည်။
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးက ဒီဇင်ဘာလ (၁၄)ရက်တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ် သည်။
မလေးရှားနိုင်ငံ၊ ပြည်ထဲရေးဝန်ကြီးဌာန၏ ကြေညာချက်အရ မလေးရှားနိုင်ငံသို့ လာရောက်မည့် မြန်မာနိုင်ငံသားများ အပါ အဝင် နိုင်ငံခြားသားများအားလုံးကို ဒီဇင်ဘာလ(၁)ရက်မှစ၍ မလေးရှားနိုင်ငံသို့မရောက်မီ Malaysia Digital Arrival Card (MDAC) ကို ဖြည့်စွက်လျှောက်ထားရန် ထုတ်ပြန်ထားပြီးဖြစ် သည်။
အဆိုပါ MDAC ကို မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန၏ website ဖြစ်သည့် https://imigresen-online.imi,gov.my/mdac/ တွင် ဖြည့်စွက်လျှောက်ထားရန် လိုကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
လက်ရှိတွင် မလေးရှားနိုင်ငံသို့ လာရောက်သူများ ဖြည့်စွက်ရမည့် MDAC စနစ်ကို ဒီဇင်ဘာလ(၃၁)ရက်အထိ အကောင် အထည်ဖော်ကာလအဖြစ်သတ်မှတ်၍ လျော့ပေါ့ထားခြင်းကြောင့် မြန်မာနိုင်ငံသားများအနေဖြင့် လာမည့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်မှစ၍ မလေးရှားနိုင်ငံသို့ မရောက်မီ MDAC ဖြည့်သွင်းခြင်းကို အွန်လိုင်းမှမဖြစ်မနေဆောင်ရွက်ရန် သံရုံးကအသိပေးထားသည်။
သို့သော် သံတမန်နိုင်ငံကူးလက်မှတ် နှင့် အထူးနိုင်ငံကူးလက် မှတ်ကိုင်ဆောင်ထားသူများ၊ မလေးရှားအမြဲနေထိုင်ခွင့် နှင့် ကာလရှည်နေထိုင်ခွင့်လက်မှတ်ကိုင်ဆောင်ထားသူများကို MDAC ဖြည့်စွက်လျှောက်ထားခြင်းမှ ကင်းလွတ်ခွင့်ပြုထားကြောင်း မြန်မာသံရုံးကဖော်ပြထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နေအိမ်ခြံဝင်းအတွင်းထိဝင်၍ ဓားပြခြိမ်းခြောက်ကာရွှေဆွဲကြိုးလုယက်သူ (၃)ဦးအနက် (၂)ဦးကို ဖမ်းမိခဲ့
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ