ဆီးရီးယားနဲ့ အီရတ်နိုင်ငံရှိ အမေရိကန်တပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရမှု အကြိမ်ပေါင်း ၁ဝဝ နီးပါးရှိလာ
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၁၅
အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်တပ်ဖွဲ့တွေဟာ အောက်တိုဘာ ၁၇ ရက်နောက်ပိုင်းကတည်းက ပစ်မှတ် ထားတိုက်ခိုက်ခံရမှုအကြိမ်အရေအတွက် ပိုမိုများပြားလာနေကြောင်း သိရပါတယ်။
အမေရိကန်တပ်ဖွဲ့တွေဟာ အောက်တိုဘာ ၁၇ ရက်နောက်ပိုင်းကတည်းက အီရတ်၊ ဆီးရီးယားနိုင်ငံမှာ အနည်းဆုံး အကြိမ်ပေါင်း ၉၇ ကြိမ် တိုက်ခိုက်ခံရကြောင်း သိရပါတယ်။ အီရတ်နိုင်ငံရှိ အမေရိကန်တပ်ဖွဲ့တွေဟာ အောက်တိုဘာ ၁၇ ရက်မှာ ဒီဇင်ဘာ ၁၃ ရက်အထိ အနည်းဆုံးအကြိမ်ပေါင်း ၄၅ ကြိမ် တိုက်ခိုက်ခံရပြီး ဆီးရီးယား ရှိ အမေရိကန်တပ်ဖွဲ့တွေဟာလည်း ထိုကာလအတွင်းမှာပဲ အနည်းဆုံး ၅၂ ကြိမ် တိုက်ခိုက်ခံရကြောင်း အမေရိကန်စစ်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။
ဆီးရီးယားနဲ့ အီရတ်နိုင်ငံရှိ အမေရိကန်တပ်ဖွဲ့တွေဟာ တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေ၊ ရော့ကဒ်ဒုံးကျည်တွေ နဲ့ ဒရုန်းတွေနဲ့ ပစ်မှတ်ထားတိုက်ခိုက်ခံရတာမျိုးဖြစ်ကြောင်း သိရပါတယ်။ အမေရိကန်စစ်ဘက်က ၎င်းတို့အနေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့တိုက်ခိုက်မှုတွေကို အောင်မြင်စွာဟန့်တားနိုင်ခဲ့ကြောင်း၊ အီရတ်နဲ့ ဆီးရီးယား လက်နက်ကိုင်အဖွဲ့တွေရဲ့တိုက်ခိုက်မှုတွေဟာ ဖြန့်ကြတ်ချထားတဲ့အတားအဆီးတွေကို ကျော်လွန်နိုင်ခြင်း မရှိခဲ့ ကြောင်း ပြောပါတယ်။
အီရန်ဟာ အရှေ့အလယ်ပိုင်းဒေသရှိ လက်နက်ကိုင်အဖွဲ့အစည်းတွေကို ကူညီထောက်ပံ့ပေးမှုများစွာ လုပ်ဆောင်ထားရာ အမေရိကန်တပ်ဖွဲ့တွေကိုတိုက်ခိုက်မှုဟာ အီရန် နဲ့ ဆက်နွယ်နေကြောင်း သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ အီရတ်နိုင်ငံမှာ အမေရိကန်တပ်ဖွဲ့ဝင်ပေါင်း ၂၅ဝဝ ကျော် နဲ့ ဆီးရီးယားမှာ အမေရိကန်တပ်ဖွဲ့ဝင် ၉ဝဝ ကျော် တပ်စွဲဖြန့်ကြတ်ချထားကြောင်း သိရပါတယ်။
ဆီးရီးယား နဲ့ အီရတ်နိုင်ငံတို့ရှိ လက်နက်ကိုင်အဖွဲ့တွေဟာ အစ္စရေးနဲ့ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း အစ္စရေးအပြင် အမေရိကန်စစ်အခြေစိုက်စခန်းတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လက်နက်တရားမဝင်ကုန်သွယ်မှုကို နိုင်ငံအချင်းချင်း သတင်းဖလှယ်၍ ဖော်ထုတ်ဖမ်းဆီးရန် ဒုတပ်ချုပ်တိုက်တွန်း
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ