၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို လာမည့် မတ်လ(၁၁) ရက်မှစ၍ ပိတ်ရက်မရှိဖြေဆိုရမည်
ယွန်း (NSS) - ဒီဇင်ဘာ ၁၅
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို လာမည့် မတ်လ (၁၁) ရက်တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ယနေ့(ဒီဇင်ဘာလ ၁၅ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
ထုတ်ပြန်ချက်အရ လာမည့် မတ်လ(၁၁)ရက်တွင် မြန်မာစာကို စတင်ဖြေဆိုခွင့်ပြုမည်ဖြစ်ပြီး ဖြေဆိုချိန်ကို နံနက်(၉)နာရီမှ နံနက်(၁၁) နာရီအထိ သတ်မှတ်ထားကြောင်း သိရသည်။
ထို့ပြင် မတ်လ(၁၂)ရက်တွင် အင်္ဂလိပ်စာ၊ မတ်လ(၁၃)ရက်တွင် သင်္ချာ၊ မတ်လ(၁၄)ရက်တွင် ဓာတုဗေဒ/ပထဝီဝင်၊ မတ်လ(၁၅) ရက်တွင် ရူပဗေဒ/သမိုင်း၊ မတ်လ(၁၆)ရက်တွင် ဇီဝဗေဒ/ဘောဂဗေဒတို့ကို ဆက်လက်ဖြေဆိုခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် မတ်လ(၁၇)ရက်ကို ပိတ်ရက်သတ်မှတ်ပြီး မတ်လ (၁၈)ရက်တွင် လူမှုသိပ္ပံ နှင့် မတ်လ(၁၉)ရက်တွင် စိတ်ကြိုက် မြန်မာစာတို့ကို ဆက်လက်ဖြေဆိုခွင့်ပြုမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် (၂ဝ၂၃) ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၈) ရက်မှစတင်ကာ မတ်လ(၁၈)ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး စာမေးပွဲဖြေဆိုရန် လျှောက်လွှာတင်သူပေါင်း (၁၇၉၇၄၂)ဦးရှိခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အင်းစိန်မြို့နယ်တွင် တက္ကစီတစ်စီးလမ်းဘေးဓာတ်တိုင်ဝင်တိုက်မိခဲ့ရာ ယာဉ်မောင်းပြင်းထန်ဒဏ်ရာရ
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း