အင်းစိန်မြို့နယ်တွင် တက္ကစီတစ်စီးလမ်းဘေးဓာတ်တိုင်ဝင်တိုက်မိခဲ့ရာ ယာဉ်မောင်းပြင်းထန်ဒဏ်ရာရ
သန့်ဇင် (NSS) - ဒီဇင်ဘာ ၁၅
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်တွင် တက္ကစီတစ်စီးလမ်းဘေးဓာတ်တိုင်ဝင်တိုက်မှုကြောင့် ယာဉ်မောင်းပြင်းထန် ဒဏ်ရာများရရှိခဲ့ကြောင်း တွဲလက်လူမှုကူညီရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဒီဇင်ဘာလ ၁၄ ရက်)၊ ည ၁၂နာရီ ၄၀မိနစ်အချိန်တွင် အင်းစိန်မြို့နယ်၊ ဘုရင့်နောင်လမ်းမကြီး၊ ကြို့ကုန်းမီးပွိုင့်၊ Mica power ဆီဆိုင်အနီးတွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“တက္ကစီတစ်စီးက အရှိန်မထိန်းနိုင်ဖြစ်ပြီး လမ်းဘေးကဓာတ်တိုင်ကို အရင်ဝင်တိုက်မိတာ။ ပြီးတော့ လမ်းဘေးကိုဆွဲချပြီး သစ်ပင်ကိုထပ်တိုက်မိတာ”ဟု တွဲလက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါယာဉ်တိုက်ကြောင့် လှိုင်မြို့နယ်တွင် နေထိုင်သည့် အသက်(၃၅)နှစ်ဝန်းကျင်အရွယ် တက္ကစီယာဉ်မောင်းအမျိုးသားတွင် ထိခိုက်ဒဏ်ရာများ ပြင်ထန်စွာရရှိခဲ့ကြောင်း သိရသည်။
“ယာဉ်မောင်းက စိုးရိမ်ရတဲ့အခြေအနေနဲ့ အနီရောင်အဆင့်ပေါ့။ ယာဉ်တိုက်မိပြီး ပထမတော့ ယာဉ်မောင်းကကားခေါင်းခန်းထဲမှာ ညှပ်နေတာနဲ့ နှလုံးခုန်သေးလို့ခက်ခက်ခဲခဲဆွဲထုတ်လိုက်ရတယ်။ ဇက်ကျိုးတယ်။ အောင်မေးရိုးပြုတ်တယ်။ သွား (၁၅) ချောင်း လောက်ကျွတ်သွားတယ်။ ဆေးရုံပို့ပေမဲ့ အခြေအနေကတော့ ၅၀-၅၀ ပေါ့”ဟု ၎င်းကဆက်လက်ပြောသည်။
ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ယာဉ်မောင်းအမျိုးသားအား တွဲလက်လူမှုကူညီရေးအသင်းမှ အင်းစိန်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆီးရီးယားနဲ့ အီရတ်နိုင်ငံရှိ အမေရိကန်တပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရမှု အကြိမ်ပေါင်း ၁ဝဝ နီးပါးရှိလာ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း