ဥရောပသမဂ္ဂအနေဖြင့် အမေရိကန်၏ဆုံးဖြတ်ချက်များကို စောင့်ဆိုင်းမနေသင့်ကြောင်း ယူကရိန်းအစိုးရပြော
Pika (NSS) - ဒီဇင်ဘာ ၁၄
ဥရောပသမဂ္ဂခေါင်းဆောင်များသည် ယူကရိန်းကို အကူအညီများ ဆက်လက်ကူညီပံ့ပိုးရေးနှင့်ပတ်သက်ပြီး ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် အမေရိကန်နိုင်ငံ၏ ဆုံးဖြတ်ချက်များကို စောင့်ဆိုင်းမနေသင့်ကြောင်း ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးဒီမစ်ထရီကူလီဘာက ထုတ်ဖော်ပြောဆိုခဲ့သည်။
အမေရိကန်အထက်လွှတ်တော်သည် ယူကရိန်းသို့ အကူအညီအဖြစ် အမေရိကန်ဒေါ်လာ(၆၀)ဘီလျံ ကူညီ ထောက်ပံ့ပေးရန် ဥပဒေမူကြမ်းကို ပြီးခဲ့သည့်ရက်ပိုင်းက ပယ်ချခဲ့ကြောင်းလည်း သိရသည်။ ထို့အပြင် ယူကရိန်းသို့ အကူအညီများပေးမည့်ဥပဒေမူကြမ်းကို အတည်ပြုမည့်အစား အမေရိကန်-မက္ကဆီကိုနယ်စပ်ရှိ လူဝင်မှု ကြီးကြပ်ရေးကို တင်းတင်းကြပ်ကြပ်ထိန်းချုပ်စေလိုကြောင်း အမေရိကန်ရီပတ်ဘလစ်ကန်အမတ်များက တောင်းဆိုခဲ့ကြသည်။
သို့သော်လည်း ဟန်ဂေရီ၊ဩစတြီးယားနှင့် ဆလိုဗက်ကီးယားနိုင်ငံများ အပါအဝင် ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံအချို့သည် ယူကရိန်းကို ကူညီပံ့ပိုးပေးမှုများ ဆက်လက်လုပ်ဆောင်ခြင်းနှင့်ပတ်သက်ပြီး သဘောမတူဘူးဆို သည့် ၎င်းတို့၏ ခံယူချက်များကို ထုတ်ဖော်ပြောဆိုခဲ့ကြကြောင်း သိရသည်။
ဥရောပသမဂ္ဂသည် ၎င်းတို့၏ မူဝါဒများ၊ လုံခြုံရေးအာမခံချက်များ၊ ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများ နှင့် တိုးချဲ့မှုများကို မလုပ်ဆောင်မီ ယူကရိန်း၏ မဟာဗျူဟာများနှင့်ပတ်သက်ပြီး အများသဘောဆန္ဒကို ဦးစွာရယူသင့် ကြောင်း ဟန်ဂေရီဝန်ကြီးချုပ်ဗစ်တော့အော်ဗန်က အခိုင်အမာပြောခဲ့သည်။
ထို့အပြင် လက်ရှိဖြစ်ပွားနေသော အခြေအနေများကို ဒီမစ်ထရီကူလီဘာက အလေးပေးပြောကြားခဲ့ကြောင်းလည်း သိရသည်။ ယူကရိန်းကို အဖွဲ့ဝင်နိုင်ငံအဖြစ် အသိအမှတ်ပြုရန် ငြင်းဆိုနေခြင်းက ဥရောပသမဂ္ဂအတွက် ဆိုးရွားသော မဟာဗျူဟာမြောက် အကျိုးဆက်များရှိလာနိုင်ကြောင်း ဒီမစ်ထရီကူလီဘာက ပြောကြားခဲ့သည်။
ဥရောပရှိနိုင်ငံများကို တိုက်ခိုက်မှုများ လုပ်ဆောင်ရန် စီစဉ်ထားခြင်းမျိုးမရှိကြောင်း ရုရှားဖက်က အခိုင်အမာပြောထားသော်လည်း ယူကရိန်းကို ရုရှားကအနိုင်ယူရန် ခွင့်ပြုလိုက်ခြင်းသည် နောက်ထပ် ဥရောပနိုင်ငံ တစ်နိုင်ငံကို တိုက်ခိုက်မှုများ လုပ်ဆောင်ရန်အတွက် စံနမူနာတစ်ခုဖြစ်လာနိုင်ကြောင်း ဒီမစ်ထရီကူလီဘာက ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အဇာဘိုင်ဂျန်နှင့် အာမေးနီးယားအစိုးရတို့က နှစ်နိုင်ငံကြားနယ်စပ်တွင် အကျဉ်းသားလဲလှယ်မှုများ လုပ်ဆောင်ခဲ့ဟုဆို
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ