အဇာဘိုင်ဂျန်နှင့် အာမေးနီးယားအစိုးရတို့က နှစ်နိုင်ငံကြားနယ်စပ်တွင် အကျဉ်းသားလဲလှယ်မှုများ လုပ်ဆောင်ခဲ့ဟုဆို
Pika (NSS) - ဒီဇင်ဘာ ၁၄
အဇာဘိုင်ဂျန်နှင့် အာမေနီးယားတို့သည် ဒီဇင်ဘာလ(၁၃)ရက်တွင် ၎င်းတို့၏နယ်စပ်မှာ အကျဉ်းသားလဲလှယ်မှုများကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အဇာဘိုင်ဂျန်သည် ဆယ်စုနှစ်များစွာကြာ ပဋိပက္ခဖြစ်ပွားနေသောဒေသကို ပြန်လည်ရယူပြီးနောက် အဆိုပါ အကျဉ်းသားလဲလှယ်မှုသည် နှစ်နိုင်ငံကြား ဆက်ဆံရေးများကို ပြန်လည်တည်ငြိမ်စေရန်အတွက် ကြိုးပမ်းမှု တစ်ခုဖြစ်ကြောင်းလည်း သိရသည်။
အကျဉ်းသားလဲလှယ်မှုတွင် အဇာဘိုင်ဂျန်အစိုးရသည် ၂ဝ၂ဝ ပြည့်နှစ်နောက်ပိုင်းက ဖမ်းမိခဲ့သော အာမေးနီးယားနိုင်ငံသား(၃၂)ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
အပြန်အလှန်အနေဖြင့် အာမေးနီးယားအစိုးရသည် ၂ဝ၂၃ ခုနှစ် ဧပြီလတည်းက ဖမ်းဆီးထားခဲ့သော အဇာဘိုင်ဂျန် စစ်သားနှစ်ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။ ထို့အပြင် အာမေးနီးယားနှင့် အဇာဘိုင်ဂျန်တို့သည် ၎င်းတို့၏ နယ်စပ်မှ တပ်ဖွဲ့ဝင်များကို ပြန်လည်ရုတ်သိမ်းရန်အတွက် ဆွေးနွေးနေကြကြောင်း ရုရှား၏ TASS သတင်း အေဂျင်စီ က ဖော်ပြခဲ့သည်။
သို့သော်လည်း နယ်စပ်မှ တပ်ဖွဲ့ဝင်များကို ပြန်လည်ရုတ်သိမ်းခြင်းနှင့်ပတ်သက်ပြီး နှစ်ဖက်စလုံးက ဆုံးဖြတ်ချက် များ ချမှတ်ရခြင်းမျိုးမရှိသေးကြောင်း သိရသည်။ အဇာဘိုင်ဂျန်နှင့် အာမေးနီးယားတို့သည် Nagorno-Karabakh ဒေသတွင် နှစ်ပေါင်း(၃ဝ)အတွင်း စစ်ပွဲနှစ်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလတွင် အဇာဘိုင်ဂျန်အစိုးရသည် Nagorno-Karabakh ဒေသကို ထိုးစစ်ဆင်မှုများ လုပ်ဆောင်ကာ ပြန်လည်သိမ်းယူခဲ့ပြီး နောက် အဆိုပါဒေသတွင်နေထိုင်သော အာမေးနီးယားလူမျိုး(၁၂ဝဝဝဝ)ခန့်သည် အာမေးနီးယားနိုင်ငံတွင်းသို့ ထွက်ပြေးခဲ့ရကြောင်း သိရသည်။
အဇာဘိုင်ဂျန် နှင့် အာမေးနီးယား အစိုးရတို့သည် အကျဉ်းသားလဲလှယ်မည့် အစီအစဉ်ကို ပြီးခဲ့သည့်သီတင်းပတ်က ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့အပြင် အချုပ်အခြာအာဏာ နှင့် နယ်မြေစိုးမိုးရေးဆိုင်ရာ အခြေခံမူများကို လေးစားလိုက်နာမှုများအား အခြေခံကာ နှစ်နိုင်ငံကြား ဆက်ဆံရေးပုံမှန်ပြန်ဖြစ်စေရန် နှင့် ငြိမ်းချမ်းရေးစာချုပ်လက်မှတ်ရေးထိုးမည့် ၎င်းတို့၏ ရည်ရွယ်ချက်ကို ပြန်လည်အတည်ပြုသွားမည်ဖြစ်ကြောင်း နှစ်ဖက်စလုံးကပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စမ်းချောင်းမြို့နယ်၌ ကပ်ကြေးဖြင့် ထိုးခံရ၍ အမျိုးသား (၁)ဦး ထိခိုက်ဒဏ်ရာရရှိ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း