စမ်းချောင်းမြို့နယ်၌ ကပ်ကြေးဖြင့် ထိုးခံရ၍ အမျိုးသား (၁)ဦး ထိခိုက်ဒဏ်ရာရရှိ
စော (NSS) - ဒီဇင်ဘာ ၁၄
ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်တွင် ကပ်ကြေးဖြင့် ထိုးခံရ၍ အမျိုးသား(၁)ဦး ထိခိုက်ဒဏ်ရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဒီဇင်ဘာလ ၁၄ ရက်)၊ ညနေ (၃)နာရီအချိန်တွင် စမ်းချောင်းမြို့နယ်၊ မိုးမခလမ်း၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း စမ်းချောင်းအရန်မီးသတ်စခန်းထံမှ သိရသည်။
“ထိုးတဲ့လူနဲ့ ရန်ငြိုးရှိတယ်ပြောတယ်။ အိမ်ပေါ်ကနေ လာခေါ်ပြီးတော့ အောက်မှာကပ်ကြေးနဲ့ထိုးတာ။ ဘယ်ဘက် နံရိုးကြားရယ်၊ ခါးစောင်းရယ်၊ ညာဘက် လက်ဝါးပြင်ရယ် (၃)ချက်တော့ ထိသွားတယ်။ ထိုးတဲ့လူကိုတော့ မိတယ်”ဟု စမ်းချောင်းအရန်မီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
ထိခိုက်ဒဏ်ရာရရှိသူသည် အသက် (၂၇)နှစ်ဝန်းကျင်ရှိ ကိုအောင်ကျော်ထွန်းဖြစ်ပြီး ၎င်းအား ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာအစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သုံးဖွဲ့ကြား တွေ့ဆုံဆွေးနွေးမှုအတွင်း အပစ်ခတ်ရပ်စဲရေး အပါအဝင် အချက်အချို့ သဘောတူညီမှုရရှိခဲ့ဟု တရုတ်အစိုးရပြော
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
22 Nov 2024 | မှုခင်း,ပြည်တွင်း