မြန်မာအစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သုံးဖွဲ့ကြား တွေ့ဆုံဆွေးနွေးမှုအတွင်း အပစ်ခတ်ရပ်စဲရေး အပါအဝင် အချက်အချို့ သဘောတူညီမှုရရှိခဲ့ဟု တရုတ်အစိုးရပြော
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၁၄
မြန်မာအစိုးရ နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြားပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲမှာ တွေ့ဆုံဆွေးနွေးမှုများကို အရှိန်မြင့်လုပ်ကိုင်ဖို့၊ ယာယီအပစ်ခတ်ရပ်စဲရေးရယူဖို့ အပါအဝင် စီစဉ်ထားတဲ့အကြောင်းအရာကိစ္စများ သဘောတူညီမှုများရရှိခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ မာအိုနင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူဟာ ဒီဇင်ဘာ ၁၄ ရက်က ကျင်းပတဲ့ ပုံမှန်သတင်းစာရှင်းလင်း ပွဲမှာ အခုလိုမျိုးပြောခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
၎င်းက "မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ကူညီထောက်ပံ့ပေးနေပြီး မြန်မာနိုင်ငံရှိ အဖွဲ့ အစည်းတွေနဲ့ဆက်သွယ်ကာ တွေ့ဆုံဆွေးနွေးပွဲများဖြစ်လာအောင် ကူညီပေးခဲ့တယ်။ တရုတ်နိုင်ငံမှာ မြန်မာ အစိုးရတာဝန်ရှိသူများ နဲ့ တိုင်းရင်သားလက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တဲ့ ကိုးကန်လက်ကိုင်အဖွဲ့၊ တအောင်း လက်နက်ကိုင်အဖွဲ့၊ ရခိုင်လက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးမှုဖြစ်အောင် ကူညီစီစဉ်ပေးနိုင်ခဲ့တယ်" လို့ ပြောပါတယ်။
လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားမှု အရှိန်လျော့ချနိုင်ခြင်းဟာ မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအားလုံးအတွက်သာမက တရုတ်-မြန်မာနယ်စပ်ဒေသငြိမ်းချမ်းရေးရယူနိုင်ဖို့ အထောက်ပံ့အကူညီများ ဖြစ်လာစေနိုင်ကြောင်း၊ သက်ဆိုင်ရာအဖွဲ့အစည်းများအနေနဲ့လည်း ရရှိခဲ့သောသဘောတူညီမှုများကို အလျင်မြန်အကောင်အထည်ဖော်နိုင်မယ်လို့ မျှော်လင့်ထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးမာအိုနင်က ပြောပါတယ်။
မြန်မာနိုင်ငံမြောက်ပိုင်းမှာ ပြီးခဲ့တဲ့အောက်တိုဘာ ၂၇ ရက်က စတင်ပြီး တပ်မတော် နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား တိုက်ပွဲများ စတင်ခဲ့ရာ မြန်မာနိုင်ငံတဝန်းမှာ လူပေါင်း ၅ သိန်းကျော် နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ရကြောင်း ကုလသမဂ္ဂအဖွဲ့က ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ ဒီဇင်ဘာလ ၁၄ ရက်အတွင်းဖြစ်ပွားခဲ့သည့် ပြည်တွင်းနှင့် ပြည်ပက သတင်းထူးများ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ