ဟူသီလက်နက်ကိုင်အဖွဲ့ ပစ်လွှတ်လိုက်သော ဒရုန်းတစ်စင်းကို ပစ်ချခဲ့ကြောင်း အမေရိကန်စစ်ဘက်ပြော
Pika (NSS) - ဒီဇင်ဘာ ၁၄
အမေရိကန်ရေတပ်သင်္ဘောတစ်စီးသည် ယီမင်နိုင်ငံရှိ ဟူသီလက်နက်ကိုင်အဖွဲ့ထိန်းချုပ်ထားသော နယ်မြေများမှ ပစ်လွှတ်လိုက်သည့် ဒရုန်းတစ်စင်းကို ပစ်ချခဲ့ကြောင်း အမေရိကန်ဗဟိုကွပ်ကဲမှုဌာနချုပ် (CENTCOM) က ဒီဇင်ဘာလ(၁၄)ရက် အစောပိုင်းတွင် ပြောကြားခဲ့သည်။
ပင်လယ်နီတောင်ပိုင်းရှိ မာရှယ်ကျွန်းစုများအလံတင်ထားသော ရေနံတင်သင်္ဘောတစ်စီး၏ အကူအညီတောင်းခံမှု များကြောင့် သွားရောက်ခဲ့ချိန်အတွင်း ယခုကဲ့သို့ပစ်ချခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်စစ်တပ်က ပြောကြားခဲ့သည်။
CENTCOM က "ဟူသီလက်နက်ကိုင်အဖွဲ့ဟာ ရေနံတင်သင်္ဘော Ardmore Encounter ကို တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ပြီးတော့ အမေရိကန်ရေတပ် ဖျက်သင်္ဘော Mason ဟာ ယီမင်နိုင်ငံမှာရှိတဲ့ ဟူသီ လက်နက်ကိုင်အဖွဲ့ထိန်းချုပ်ထားတဲ့နယ်မြေတွေကနေ ပစ်လွှတ်လိုက်တဲ့ဒရုန်းတစ်စင်းကို ပစ်ချနိုင်ခဲ့ပါတယ်" ဟု ပြောခဲ့သည်။
ဟူသီလက်နက်ကိုင်အဖွဲ့ထိန်းချုပ်ထားသော နယ်မြေများမှ ပစ်လွှတ်လိုက်သည့် ဒုံးကျည်နှစ်စင်းသည် ရေနံတင် သင်္ဘော Ardmore Encounter ကို ထိမှန်ခဲ့ခြင်းမျိုးမရှိခဲ့ကြောင်း CENTCOM က ပြောကြားခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုအတွင်း သင်္ဘောထိခိုက်ပျက်စီးမှုနှင့် သင်္ဘောသားများ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမျိုးလည်း မရှိခဲ့ကြောင်း CENTCOM က ပြောကြားခဲ့သည်။
အဆိုပါဖြစ်ရပ်သည် ယီမင်အခြေစိုက်ဟူသီလက်နက်ကိုင်အဖွဲ့က အစ္စရေးပိုင်သင်္ဘောများ (သို့မဟုတ်) အစ္စရေး ဦးတည်သွားနေသည့်သင်္ဘောများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည့် ဖြစ်ရပ်များထဲတွင် နောက်ဆုံးဖြစ်ရပ်တစ်ခု ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ပြီးခဲ့သည့် ဒီဇင်ဘာလ(၁၁)ရက်က ယီမင်ရှိဟူသီထိန်းချုပ်ထားသော နယ်မြေ များမှ ပစ်လွှတ်လိုက်သည့် ခရုဇ်ဒုံးကျည်တစ်စင်းသည် ရေနံတင်သင်္ဘောတစ်စီးကို ထိမှန်ခဲ့ပြီး မီးလောင်ကျွမ်းမှု များ နှင့် ပျက်စီးမှုများရှိခဲ့သော်လည်း လူသေဆုံးမှုမရှိခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဩစတြေးလျနိုင်ငံကို ဆိုင်ကလုန်းမုန်တိုင်းဂျက်စပါ ဝင်ရောက်တိုက်ခတ်ခဲ့ပြီး လူထောင်ချီ လျှပ်စစ်မီး ပြတ်တောက်မှုများ၊ ရေကြီးမှုများနှင့် ကြုံတွေ့နေရ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ