ပြစ်တင်ဝေဖန်သူတွေကို ရှေ့တန်းစစ်မြေမျက်နှာပြင်သို့ သွားကြဖို့ ယူကရိန်းသမ္မတဇီလန်စကီး ပြောဆို
Pika (NSS) - ဒီဇင်ဘာ ၁၄
ယူကရိန်းအစိုးရအကြောင်းကို အော်ဟစ်ပြောဆိုနေမည့်အစား ရှေ့တန်းစစ်မြေမျက်နှာပြင်သို့ သွားကြရန် ဝေဖန်သူများကို သမ္မတဇီလန်စကီးက တိုက်တွန်းခဲ့ကြောင်း သိရသည်။
ထို့အပြင် ယူကရိန်း၏ နိုင်ငံရေးပြိုင်ဖက်များသည် အခြားအရာများထက် ရုရှားနှင့် ပဋိပက္ခကိုသာ ဦးစားပေးသင့်ကြောင်း ဇီလန်စကီးက ပြောဆိုခဲ့သည်။
ယူကရိန်းသမ္မတဇီလန်စကီးသည် ၎င်း၏ အာဏာကို ပိုမိုခိုင်မာလာအောင် ကြိုးပမ်းခဲ့သည်ဆိုသည့် စွပ်စွဲပြောဆို ချက်များကို ပြန်လည်တုံ့ပြန်ဖြေကြားပေးရန် သတင်းထောက်များက တောင်းဆိုခဲ့ကြောင်းလည်း သိရသည်။ ထို့အပြင် ယူကရိန်းအစိုးရအဖွဲ့သည် ဘာသာရေးခေါင်းဆောင်များကို ဖမ်းဆီးကာ ယူကရိန်းနိုင်ငံကို အာဏာရှင် နိုင်ငံတော်အဖြစ် ပြောင်းလဲခဲ့သည်ဆိုသည့် စွပ်စွဲပြောဆိုချက်များကိုလည်း ပြန်လည်တုံ့ပြန်ဖြေကြားပေးရန် တောင်းဆိုမှုများရှိခဲ့ကြောင်း သိရသည်။
ဇီလန်စကီးသည် အဆိုပါစွပ်စွဲပြောဆိုချက်များအားလုံးကို ပယ်ချခဲ့ပြီး ၎င်းအား ဝေဖန်သူများကို တိုက်ရိုက်စကား များပြောဆိုခဲ့ကြောင်း သိရသည်။ ဇီလန်စကီး က "အစိုးရ ဒါမှမဟုတ် မြို့တော်ဝန်လို လူမျိုးတွေကို ကျွန်တော် ပြောချင်ပါတယ်။ စစ်ပွဲကို စဉ်းစားပါ။ ကျွန်တော်တို့ပြည်သူတွေကို ဘယ်လိုကာကွယ်ရမလဲဆိုတာ စဉ်းစားကြပါ။ နေ့တိုင်းကမ္ဘာကြီးကို ခရီးသွားဖို့လုပ်နေမယ့်အစား ရှေ့တန်းစစ်မြေမျက်နှာပြင်ကို သွားကြည့်ကြပါ။ ပြီးရင်တော့ ခေါင်းဆောင်တွေဖြစ်တဲ့အတွက် မငိုကြပါနဲ့။ ပြည်သူတွေအများစုက မငိုကြပါဘူး၊၊ ဒါကြောင့် ကျွန်တော်တို့ ဒီမှာဆက်ရှိနေရတာပါ" ဟု ပြောဆိုခဲ့သည်။
ယူကရိန်းသမ္မတဇီလန်စကီးသည် ယခုသီတင်းပတ်အတွင်း အမေရိကန်နိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ပြီး နောက်ထပ်စစ်ရေးအကူအညီများ ကူညီပံ့ပိုးပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။ ထို့အပြင် ယူကရိန်း စစ်တပ်သည် ရုရှားတပ်ဖွဲ့များကို အောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့ပြီး ရုရှားတပ်ဖွဲ့များသည် ၂ဝ၂၃ ခုနှစ်တစ်လျှောက် လုံး နောက်ထပ်ကျေးရွာတစ်ရွာကိုပင် သိမ်းယူနိုင်ခဲ့ခြင်းမျိုးမရှိခဲ့ကြောင်း ဇီလန်စကီးက အခိုင်အမာပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဗင်နီဇွဲလားနိုင်ငံတွင် ကားအများအပြား ဆင့်တိုက်မှုဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၁၆)ဦး သေဆုံး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ