ဗင်နီဇွဲလားနိုင်ငံတွင် ကားအများအပြား ဆင့်တိုက်မှုဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၁၆)ဦး သေဆုံး
Pika (NSS) - ဒီဇင်ဘာ ၁၄
ဗင်နီဇွဲလားနိုင်ငံရှိ အဝေးပြေးလမ်းမတစ်ခုတွင် ဒီဇင်ဘာလ(၁၃)ရက် အစောပိုင်းက ယာဥ်(၁၇)စီး ဆင့်တိုက်ကာ မီးလောင်မှုများဖြစ်ပွားခဲ့ပြီးနောက် အနည်းဆုံးလူ(၁၆)ဦးသေဆုံးခဲ့ပြီး အခြားလူ(၆)ဦး ထိခိုက်ဒဏ်ရာများ ပြင်းပြင်း ထန်ထန်ရရှိခဲ့ကြောင်း အာဏာပိုင်များက ဒီဇင်ဘာလ(၁၃)ရက်တွင် ပြောကြားခဲ့သည်။
ဗင်နီဇွဲလားနိုင်ငံ မီးသတ်အကြီးအကဲ ဂျူအန်ဂွန်ဇာလက်ဇ်က "ဒီမတော်တဆမှုအတွင်းမှာ အနည်းဆုံးလူ(၁၆)ဦး သေဆုံးခဲ့ပြီး အခြားလူ(၆)ဦး ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပါတယ်" ဟု ပြောခဲ့သည်။
အဆိုပါယာဉ်တိုက်မှုဖြစ်ပွားရခြင်းအကြောင်းအရင်းမှာ အရှိန်ပြင်းပြင်း မောင်းနှင်လာသော ထရပ်ကားတစ်စီးသည် အဝေးပြေးလမ်းမပေါ်တွင် စီတန်းရပ်ထားသော ကားလိုင်းကို ဝင်တိုက်မိခဲ့ခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုနှင့် အရပ်ဘက်ကာကွယ်ရေးဆိုင်ရာ လက်ထောက်ဝန်ကြီး Carlos Perez Ampueda က ယာဉ်တိုက်မှုအတွင်း အနည်းဆုံးလူ(၈)ဦးသေဆုံးခဲ့ကြောင်း အစောပိုင်းတွင် ပြောဆိုခဲ့သော်လည်း သေဆုံးသူဦးရေမှာ ဆက်လက်တိုးမြင့်လာနိုင်ဖွယ်ရှိကြောင်း နောက်ပိုင်းတွင် ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါယာဉ်တိုက်မှုအတွင်း ပါဝင်ခဲ့သော ယာဉ်(၁၇)စီးလုံး ပျက်စီးသွားခဲ့ကြောင်း Carlos Perez Ampueda က ပြောကြားခဲ့သည်။ ထို့အပြင် မတော်တဆမှုဖြစ်ပွားပြီးနောက် မီးလောင်ကျွမ်းမှုများဖြစ်ပွားနေသည်ကို ရိုက်ယူထား သောဓါတ်ပုံများလည်း ဆိုရှယ်မီဒီယာပေါ်တွင် ပျံ့နှံ့ခဲ့ကြောင်းသိရသည်။ Carlos Perez Ampueda က "မီးလောင် ခဲ့တဲ့ယာဉ်အားလုံးကို ကျွန်တော်တို့ မီးငြိမ်းသတ်ပြီးပါပြီ" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဟူသီလက်နက်ကိုင်အဖွဲ့ ပစ်လွှတ်လိုက်သော ဒရုန်းတစ်စင်းကို ပစ်ချခဲ့ကြောင်း အမေရိကန်စစ်ဘက်ပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း