အစ္စရေးစစ်တပ်က ဟားမက်လက်နက်ကိုင်အဖွဲ့၏ ဥမင်လှိုဏ်ခေါင်းများကို ပင်လယ်ရေများဖြင့် ဖုံးလွှမ်းသွားအောင် စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း WSJ သတင်းစာဖော်ပြ
Pika (NSS) - ဒီဇင်ဘာ ၁၃
အစ္စရေးစစ်တပ်သည် ဂါဇာကမ်းမြောင်ဒေသရှိ ဟားမက်လက်နက်ကိုင်အဖွဲ့၏ မြေအောက်ဥမင်လှိုဏ်ခေါင်းများကို ပင်လယ်ရေများဖြင့် ဖုံးလွှမ်းသွားအောင် စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း၊ ယင်းလုပ်ငန်းစဉ်မှာ သီတင်းပတ် အတော်ကြာ ကြာမြင့်နိုင်ဖွယ်ရှိကြောင်း အမည်မဖော်လိုသော အမေရိကန်အရာရှိများ၏ ပြောကြားချက်ကို ကိုးကားပြီး Wall Street Journal သတင်းစာက ဖော်ပြခဲ့သည်။
သို့သော်လည်း အဆိုပါသတင်းများနှင့်ပတ်သက်ပြီး အစ္စရေးစစ်တပ်က ချက်ချင်းပြန်လည်တုံ့ပြန်ဖြေကြားခြင်းမျိုး မရှိသေးကြောင်း သိရသည်။ ပင်လယ်ရေများကို အသုံးပြုကာ ရေလွှမ်းမိုးမှုများဖြစ်ပွားအောင် လုပ်ဆောင်မည့် အစ္စရေး၏အစီအစဉ်သည် ဟားမက်လက်နက်ကိုင်အဖွဲ့၏ ဥမင်လှိုဏ်ခေါင်းများကို ဖျက်ဆီးပစ်နိုင်မည်ဟု အမေရိကန်အရာရှိအချို့က ယုံကြည်နေကြောင်းလည်း သိရသည်။
သို့သော်လည်း ပင်လယ်ရေများသည် ဂါဇာကမ်းမြောင်ဒေသ၏ သောက်သုံးရေပေးဝေမှုများအပေါ် ထိခိုက်မှုများ ရှိလာမည်ကို အခြားအမေရိကန်အရာရှိများက စိုးရိမ်နေကြကြောင်း အဆိုပါသတင်းထဲတွင် ဖော်ပြထားသည်။
ဟားမက်လက်နက်ကိုင်အဖွဲ့၏ ဥမင်လှိုဏ်ခေါင်းများကို ရေလွှမ်းမိုးမှုများဖြစ်ပွားအောင် လုပ်ဆောင်မည့် အစ္စရေး၏ အစီအစဉ်နှင့်ပတ်သက်သည့်မေးခွန်းများကို တိုက်ရိုက်ဖြေကြားရန် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ငြင်းဆိုခဲ့ကြောင်းလည်း သိရသည်။ ထို့အပြင် အစ္စရေးက ပစ်မှတ်ထားသောနေရာများတွင် ဓါးစာခံများ မရှိဟုဆို သည့်အချက်ကိုသာ ဂျိုးဘိုင်ဒန်က အာမခံခဲ့ကြောင်း သိရသည်။
၂ဝ၁၅ ခုနှစ်တွင် အီဂျစ်အစိုးရသည် ဂါဇာကမ်းမြောင်ဒေသနှင့် Sinai ကျွန်းဆွယ်ကြားရှိ ဥမင်လှိုဏ်ခေါင်းများကို ပင်လယ်ရေများဖြင့် ဖုံးလွှမ်းပစ်ခဲ့ခြင်းကြောင့် အဆိုပါဒေသရှိ မြေဆီလွှာများ ပျက်စီးမှုများရှိခဲ့သည်ဆိုသည့် တိုင်ကြားမှုများ ပေါ်ထွက်လာခဲ့ကြောင်း Jerusalem Post သတင်းစာက ဖော်ပြခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကျိုက်မရောမြို့နှင့်အနီးဝန်းကျင်၌ စစ်ဘေးရှောင်ဦးရေ ၃၀၀၀၀ ကျော်ရောက်ရှိ ခိုလှုံနေပြီး အကူအညီများလိုအပ်လျက်ရှိ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ