တရုတ်၊ အီရန်၊ မြောက်ကိုရီးယား နှင့် ရုရှား၏ ပူးပေါင်းဆောင်ရွက်မှုများက ရေရှည်ခြိမ်းခြောက်မှုတစ်ခုဖြစ်ကြောင်း ဖင်လန်အစိုးရ သတိပေး
Pika (NSS) - ဒီဇင်ဘာ ၁၃
တရုတ်၊အီရန်၊မြောက်ကိုရီးယားအပါအဝင် အခြားသောမိတ်ဖက်နိုင်ငံများနှင့် ရုရှားနိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှု များ တိုးမြှင့်ခြင်းသည် ဥရောပရှိနိုင်ငံများအတွက် ကာလအတန်ကြာရှိနေမယ့် ခြိမ်းခြောက်မှုတစ်ခုဖြစ်ကြောင်း ဖင်လန်ကာကွယ်ရေးဝန်ကြီး အန်တီဟက်ကာနန်က ဒီဇင်ဘာလ(၁၂)ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
ဖင်လန်နှင့် အက်စတိုးနီးယားနိုင်ငံတို့သည် ပြီးခဲ့သည့်အောက်တိုဘာလက ဘော်လ်တစ်ပင်လယ်ကြမ်းပြင်ရှိ Balticconnector ဓါတ်ငွေ့ပိုက်လိုင်း နှင့် တယ်လီကွန်းကေဘယ်ကြိုးများ ထိခိုက်ပျက်စီးမှုများနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများကို လုပ်ဆောင်ခဲ့ကြောင်းလည်း သိရသည်။
အဆိုပါဓါတ်ငွေ့ပိုက်လိုင်းနှင့် ကေဘယ်ကြိုးများ ပျက်စီးမှုနှင့်ပတ်သက်ပြီး ဟောင်ကောင်တွင်မှတ်ပုံတင်ထားသည့် ကုန်တင်သင်္ဘောတစ်စီးကို အဓိကသံသယရှိသူအဖြစ် ဖင်လန် နှင့် အက်စတိုးနီးယားအစိုးရတို့က သတ်မှတ်ခဲ့ ကြောင်း သိရသည်။ အန်တီဟက်ကာနန်က "ဒီလိုပြဿနာမျိုးတွေကို ကျွန်တော်တို့ လူသိရှင်ကြား ထုတ်မပြခဲ့ပါ ဘူး။ ဒါပေမယ့် တရုတ်၊ အီရန်၊ မြောက်ကိုရီးယား အပါအဝင် အခြားမိတ်ဖက်နိုင်ငံတွေနဲ့ ရုရှားနိုင်ငံရဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ တိုးမြှင့်လာတာဟာ ရေရှည်အတွက် အလွန်လေးနက်တဲ့ အလားအလာတစ်ခုပါ" ဟု ပြောခဲ့သည်။
နေတိုးအဖွဲ့ဝင်နိုင်ငံအသစ်ဖြစ်သလို ရုရှားနှင့် နယ်နိမိတ်ချင်း ကီလိုမီတာ(၁၃၄ဝ)ခန့် ထိစပ်နေသော ဖင်လန်နိုင်ငံ နှင့် ၎င်း၏ ထောက်လှမ်းရေးအေဂျင်စီများသည် ရုရှား၏ ကမ္ဘာလုံးဆိုင်ရာလုပ်ရပ်များကို အနီးကပ်စောင့်ကြည့်နေ ကြောင်း ဖင်လန်ကာကွယ်ရေးဝန်ကြီး အန်တီဟက်ကာနန်က ပြောခဲ့သည်။ ရုရှား၏ ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက်များ နှင့် ပူးပေါင်းဆောင်ရွက်မှုအသစ်များသည် ပြဿနာများကို ဖြစ်ပွားလာစေနိုင်သော လုံခြုံရေးမူဝါဒစနစ်တစ်ခုဖြစ် ကြောင်း ၎င်းက ပြောခဲ့သည်။
၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလက ယူကရိန်းအပေါ် ကျူးကျော်တိုက်ခိုက်မှုများနှင့်ပတ်သက်ပြီး ရုရှားကို ပြစ်တင် ရှုတ်ချခဲ့သည့်နိုင်ငံများထဲတွင် ဖင်လန်နိုင်ငံလည်း ပါဝင်ကြောင်း သိရသည်။ ထို့အပြင် ဖင်လန်နိုင်ငံသည် ရုရှား တပ်ဖွဲ့များကို တိုက်ခိုက်ရာတွင် အသုံးပြုရန်အတွက် ယူကရိန်းသို့ စစ်ရေးအကူအညီများ ပေးပို့ကူညီခဲ့ဖူးကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်နိုင်ငံရှိ ဆစ်ခ်ဘာသာဝင် ခွဲထွက်ရေးသမားများ၏ အချက်အလက်များကို မျှဝေပေးရန် အိန္ဒိယအစိုးရ တောင်းဆို
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ