အမေရိကန်နိုင်ငံရှိ ဆစ်ခ်ဘာသာဝင် ခွဲထွက်ရေးသမားများ၏ အချက်အလက်များကို မျှဝေပေးရန် အိန္ဒိယအစိုးရ တောင်းဆို
Pika (NSS) - ဒီဇင်ဘာ ၁၃
အမေရိကန်နိုင်ငံတွင် နေထိုင်သော ဆစ်ခ်ဘာသာဝင်ခွဲထွက်ရေးသမားများ၏ သတင်းအချက်အလက်များကို မျှဝေပေးရန် အမေရိကန်အစိုးရကို အိန္ဒိယအစိုးရက တောင်းဆိုခဲ့ကြောင်း သိရသည်။
အိန္ဒိယအစိုးရ၏ ထောက်လှမ်းရေးအဖွဲ့များသည် အမေရိကန်မြေပေါ်ရှိ ဆစ်ခ်ဘာသာဝင်ခွဲထွက်ရေးသမားတစ်ဦး ကို လုပ်ကြံရန် ကြိုးပမ်းနေသည်ဟု သတင်းများထွက်ပေါ်နေချိန်တွင် ယခုကဲ့သို့တောင်းဆိုမှု ထွက်ပေါ်လာခြင်းဖြစ်သည်။ အိန္ဒိယ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးအေဂျင်စီတစ်ခုဖြစ်သော အမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) သည် အိန္ဒိယနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော FBI အဖွဲ့ ဒါရိုက်တာ ခရစ်စတိုဖာဝါရေး နှင့် တွေ့ဆုံစဉ်အချိန်အတွင်း ယခုကဲ့သို့တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း NIA အေဂျင်စီတွင် အလုပ်လုပ်သော အမည်ဖော်လိုသူတစ်ဦး က ပြောကြားခဲ့သည်။
၎င်းက "ခရစ်စတိုဖာဝါရေးနဲ့ NIA အေဂျင်စီတာဝန်ရှိသူတွေဟာ အမေရိကန်မြေပေါ်မှာ နေထိုင်ပြီး အိန္ဒိယကို ဆန့်ကျင်နေတဲ့ ဆစ်ခ်ဘာသာဝင်ခွဲထွက်ရေးသမားတွေရဲ့လုပ်ရပ်တွေနဲ့ပတ်သက်ပြီး အသေးစိတ်ဆွေးနွေးခဲ့ကြပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်း ခွဲထွက်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တယ်လို့ သံသယရှိသူတွေရဲ့ သတင်း အချက်အလက်တွေကို မျှဝေပေးဖို့ အမေရိကန်အရာရှိတွေကို အိန္ဒိယဖက်က တောင်းဆိုထားပါတယ်" ဟု ပြောခဲ့သည်။
NIA အေဂျင်စီသည် အဆိုပါတွေ့ဆုံဆွေးနွေးမှုများနှင့်ပတ်သက်ပြီး လက်ရှိအချိန်အထိ မှတ်ချက်ပြုပြောဆိုခြင်းမျိုး မရှိသေးကြောင်း သိရသည်။ FBI အဖွဲ့ ဒါရိုက်တာ ခရစ်စတိုဖာဝါရေး နှင့် အိန္ဒိယအရာရှိများကြား တွေ့ဆုံဆွေးနွေးမှု များကို ဆက်လက်လုပ်ဆောင်နေပြီး အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောဆိုနိုင်ခြင်းမျိုး မရှိသေး ကြောင်း အမေရိကန်သံရုံးပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
အိန္ဒိယအစိုးရ၏ ထောက်လှမ်းရေးဌာနများသည် မြောက်အမေရိကရှိ ဆစ်ခ်ဘာသာဝင်ခွဲထွက်ရေးသမားများကို လုပ်ကြံသတ်ဖြတ်ရန်ကြံစည်မှုအတွင်း ပါဝင်ပတ်သက်နေကြောင်း အမေရိကန် နှင့် ကနေဒါအစိုးရတို့က စွပ်စွဲပြောဆိုခဲ့ဖူးကြောင်း သိရသည်။
အဆိုပါစွပ်စွဲမှုများထွက်ပေါ်လာပြီးနောက် မကြာမီ ဆစ်ခ်ဘာသာဝင် ခွဲထွက်ရေးသမားများ လုပ်ကြံခံရသည့်သတင်းများက ကမ္ဘာ့စင်မြင့်ပေါ်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဖြစ်ပွားနေဆဲ ပဋိပက္ခများကြောင့် မဖွင့်လှစ်နိုင်သော စာသင် ကျောင်းများရှိနေပြီး စာသင်ကျောင်းများကို Safe Zone အဖြစ် သတ်မှတ်ပေးရန် တောင်းဆို
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ