အဆီများတဲ့ အစားအစာတွေ စားခြင်းဟာ စိတ်ဖိစီးမှု ပိုမိုဖြစ်ပေါ်စေနိုင်
ရောင်နီ (NSS) - ဒီဇင်ဘာ ၁၃
အလုပ်တွေနဲ့ အခြားသော စိတ်ဖိစီးမှုတွေကြောင့် စားမိတဲ့ အဆီအစိမ့်အစားအစာတွေဟာ စိတ်ဖိစီးမှုကို ပိုဖြစ်စေတယ်လို့ သိရပါတယ်။
University of Birmingham မှ လေ့လာမှုတစ်ခုက စိတ်ဖိစီးနေချိန်မှာ အဆီများတဲ့အစားအစာတွေကို စားသုံးခြင်း ဟာ ဦးနှောက်ကို သွေးစီးဆင်းမှု လျှော့ချနိုင်ပြီး သွေးကြောလုပ်ဆောင်မှုကို ထိခိုက်စေတယ်လို့ ပြောကြားခဲ့ပါ တယ်။
တစ်နည်းအားဖြင့် ၎င်းဟာ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့ သိမြင်မှုဆိုင်ရာလုပ်ဆောင်ချက်တွေကို အပျက်သဘော ဆောင်စေတဲ့အပြင် နှလုံးရောဂါဖြစ်နိုင်ခြေကို တိုးမြင့်စေတယ်လို့ သိရပါတယ်။ အဆိုပါလေ့လာမှုဟာ အသက် ၂ဝ နဲ့ ၃ဝ နှစ်ကြားအရွယ် လူတွေကို အဆီများတဲ့အစားအစာနဲ့ အဆီနည်းတဲ့အစားအစာတွေ ကျွေးပြီး စာမေးပွဲ ဖြေခိုင်းကာ လေ့လာခဲ့တာဖြစ်ပါတယ်။ ရလဒ်ကတော့ အဆီများတဲ့အစားအစာ စားသုံးထားသူက ဦးနှောက် ထိုင်းမှိုင်းမှု ပိုဖြစ်တာတွေ့ရတယ်လို့ သိရပါတယ်။
လေ့လာမှုရဲ့စာရေးဆရာဖြစ်တဲ့ University of Birmingham မှ Ph.D သုတေသီ မစ္စရိုဆလင်ဘေဟန် က စိတ်ဖိစီး လာတဲ့အခါ ခန္ဓာကိုယ်ထဲမှာ နှလုံးခုန်နှုန်းနဲ့ သွေးပေါင်ချိန်တွေတက်လာခြင်း၊ သွေးကြောတွေ ကျယ်လာပြီး ဦးနှောက်ဆီကို သွေးတွေတိုးလာခြင်းတို့ဖြစ်တတ်ပြီး စိတ်ဖိစီးနေချိန်မှာ အဆီများတဲ့အစားအစာများ စားသုံးခြင်း ဟာ သွေးကြောတွေရဲ့လုပ်ဆောင်မှုကို ၁.၇၄ ရာခိုင်နှုန်း လျော့ကျစေတယ်လို့ ဆိုပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မုန်းမရ မေ့မရ ရင်ပူနေရတဲ့ NUG ဘဝ၊ ရှမ်းမြောက် နမ့်ဆန်-မန်တုံ တစ်ဝိုက်မှာ တိုက်ပွဲတွေဖြစ်နေ၊ မြောက်ပိုင်း(၃)ဖွဲ့နဲ့ နစက တွေ့ဆုံမှုအပေါ် နယ်ပယ်စုံက သဘောထား(၁၂-၁၂-၂ဝ၂၃)
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ