Cardi B နဲ့ အော့ဖ်ဆက်တို့ဇနီးမောင်နှံ လမ်းခွဲပြတ်ဆဲ
ရောင်နီ (NSS) - ဒီဇင်ဘာ ၁၃
ကမ္ဘာကျော် ရပ်စ်အဆိုတော်စုံတွဲဖြစ်တဲ့ Cardi B နဲ့ အော့ဖ်ဆက်တို့စုံတွဲဟာ အခုအချိန်မှာတော့ လမ်းခွဲပြတ်ဆဲလိုက်ပြီလို့ သိရပါတယ်။
ဒီအကြောင်းကို Cardi B က Instagram Live နဲ့ လူမှုကွန်ရက်ပေါ် မျှဝေခဲ့တာဖြစ်ပါတယ်။ Instagram live မှာ သူမနဲ့ အော့ဆက်တို့ အတူမရှိနေတော့ကြောင်းနဲ့ Single အဖြစ်နေရတာ သဘောကျနေကြောင်း ပြောကြားသွားခဲ့ တာပါ။
ဆိုရှယ်မီဒီယာမှာ အော့ဖ်ဆက်ရဲ့ဖောက်ပြန်တဲ့အတင်းအဖျင်းတွေ ပျံ့နှံ့ခဲ့ဖူးပေမယ့် သူမကတော့ အရင်က ငြင်းဆိုခဲ့ ပါတယ်။ အခုလည်း သူမက အော့ဖ်ဆက်ဟာ ဖောက်ပြန်ခဲ့သလားဆိုတာ အတည်ပြုခြင်းမရှိသလို ငြင်းဆိုခြင်း လည်း မရှိပါဘူး။ အဲဒီအစား သူမက သူမရဲ့အနာဂတ်ကိုသာ အာရုံစိုက်ချင်ပုံရပါတယ်။ ၂ဝ၂၄ ခုနှစ်မှာ ဘဝသစ် စတင်ဖို့ စိတ်လှုပ်ရှားနေတယ်လို့ သူမက live မှာ ပြောကြားခဲ့ပါတယ်။
သူတို့စုံတွဲဟာ ၂ဝ၁၇ ခုနှစ် အောက်တိုဘာလမှာ လူသိရှင်ကြား စေ့စပ်ခဲ့ကြပါတယ်။ အဲဒီနှစ် စက်တင်ဘာလမှာပဲ သူမရဲ့မွေးရပ်မြေ Atlanta မှာ လက်ထပ်ခဲ့ကြပါတယ်။ ၎င်းတို့ဇနီးမောင်နှံဟာ သမီးနဲ့ သားတစ်ဦး ထွန်းကားခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အဆီများတဲ့ အစားအစာတွေ စားခြင်းဟာ စိတ်ဖိစီးမှု ပိုမိုဖြစ်ပေါ်စေနိုင်
RELATED POSTS
21 Nov 2024 | အနုပညာ,နိုင်ငံတကာ
14 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ