အနောက်စုနိုင်ငံများ၏ နှစ်ပေါင်း(၅၀၀)ဩဇာလွှမ်းမိုးမှု အဆုံးသတ်တော့မည်ဖြစ်ကြောင်း ရုရှားအစိုးရ ထုတ်ဖော်ပြောဆို
Pika (NSS) - ဒီဇင်ဘာ ၁၂
အနောက်အုပ်စုနိုင်ငံများ၏ နှစ်ပေါင်း(၅ဝဝ)ခန့်ရှိပြီဖြစ်သော ဩဇာလွှမ်းမိုးမှုများ အဆုံးသတ်တော့မည်ဖြစ်ပြီး polycentric ကမ္ဘာသစ်တစ်ခုဖြင့် အစားထိုးခံရတော့မည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရော့ဗ် က ထုတ်ဖော်ပြောခဲ့သည်။
ဆာဂေးလာရော့ဗ်က "ကျွန်တော်တို့ဟာ အနောက်အုပ်စုနိုင်ငံတွေက နှစ်ပေါင်း(၅ဝဝ) ဩဇာလွှမ်းမိုးခဲ့ပြီးတဲ့နောက် ထွက်ပေါ်လာမယ့် ဝင်ရိုးစုံကမ္ဘာအတွက် ဆွေးနွေးနေကြပါပြီ။ အမေရိကန်နဲ့ မိတ်ဖက်နိုင်ငံတွေရဲ့ ဩဇာ လွှမ်းမိုးမှုဟာ အခြားနိုင်ငံတွေရဲ့နယ်မြေတွေနဲ့ ပြည်သူတွေကို ခေါင်းပုံဖြတ်တာတွေ အပါအဝင် မတူညီကွဲပြားတဲ့ သမိုင်းတွေကို အခြေခံထားပါတယ်" ဟု ပြောခဲ့သည်။
သို့သော်လည်း အနောက်အုပ်စုနိုင်ငံများသည် ၎င်းတို့၏ ဩဇာလွှမ်းမိုးမှုများကို ထိန်းသိမ်းရန်အတွက် နှစ်ပေါင်း များစွာ တည်ဆောက်လာသည့် ဂလိုဘယ်လိုက်ဇေးရှင်းပုံစံကို အသုံးပြုနိုင်ကြောင်း ဆာဂေးလာရော့ဗ်က အကြံပြုပြောခဲ့သည်။
၎င်း က "ဒါပေမယ့်လည်း အခြားနိုင်ငံတွေဟာ အနောက်အုပ်စုရဲ့ ဂလိုဘယ်လိုက်ဇေးရှင်းပုံစံကို အသုံးပြုပြီးတော့ နိုင်ငံအချုပ်အခြာအာဏာနဲ့ အခြားနိုင်ငံတွေရဲ့အကျိုးစီးပွားတွေအပေါ်ကို အခြေခံတဲ့စီးပွားရေးကို တည်ဆောက် နိုင်ခဲ့ပြီး အနောက်အုပ်စုကို အနိုင်ယူနိုင်ဖို့ စီမံနိုင်ခဲ့ပါတယ်။ စီးပွားရေးတိုးတက်မှုနဲ့ နိုင်ငံရေးဩဇာလွှမ်းမိုးမှု ဗဟိုချက်အသစ်တွေ ထွက်ပေါ်လာပြီးတဲ့နောက်မှာတော့ ကမ္ဘာ့အာဏာကို ပြောင်းလဲမှုတွေလုပ်ဆောင်နိုင်ခဲ့ပါ တယ်။ ဒီလိုတိုးတက်ပြောင်းလဲမှုတွေကို နှိမ်နှင်းဖို့အတွက် အမေရိကန်နဲ့ မိတ်ဖက်နိုင်ငံတွေဟာ စည်းမျဉ်းအခြေခံ တဲ့ကမ္ဘာ့အစီအစဉ်လို့ခေါ်ဆိုတဲ့ ဂလိုဘယ်လိုက်ဇေးရှင်းကို လုပ်ဆောင်ခဲ့ပါတယ်။ ဒီလိုစည်းမျဉ်းတွေကို ဘယ်သူကမှ မထုတ်ပြန်ခဲ့သလို ကြေညာတာမျိုးတွေလည်း မရှိခဲ့ပါဘူး။ ခေတ်သစ်သမိုင်းမှာ ဒီစည်းမျဉ်းတွေကို အနောက်အုပ်စုနိုင်ငံတွေရဲ့ လိုအပ်ချက်တွေအပေါ် မူတည်ပြီး အသုံးချနေကြတာပါ" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကူးစက်မြန်ရောဂါများကို အဓိကကုသရန် တည်ဆောက်နေသည့် Myanmar CDC စင်တာကို ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလအတွင်း ဖွင့်လှစ်နိုင်ရန် မျှော်မှန်းထား
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ