Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
နစက၏ NSPNC နှင့် မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့ တွေ့ဆုံဆွေးနွေးမှုရှိခဲ့သော်လည်း မူဆယ်မြို့နှင့်တစ်ဝိုက်တွင် တိုက်ပွဲ ဆက်ဖြစ်နေ

မြူနစ် (NSS) - ဒီဇင်ဘာ ၁၂

နစက၏ NSPNC နှင့် မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့ တွေ့ဆုံဆွေးနွေးမှုများရှိခဲ့သော်လည်း ရှမ်းပြည်နယ်၊ မူဆယ်မြို့ နှင့်တစ်ဝိုက်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

တအာင်းလက်နက်ကိုင်အဖွဲ့ TNLA၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA ပူးပေါင်းအဖွဲ့နှင့် တပ်မတော်လုံခြုံရေး အဖွဲ့တို့သည် ယမန်နေ့(ဒီဇင်ဘာ ၁၁ ရက်) တွင် မူဆယ်မြို့နှင့် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်ကြား၌ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း သိရသည်။


“မူဆယ်နဲ့ ၁၀၅ မိုင်ကြားထဲတော့ မနေ့က ညနေကတည်းက အပြင်းအထန်ဖြစ်နေတာပေါ့။ မနေ့က လေကြောင်း ပစ်ကူတွေလာပြီ ပစ်သွားတာရှိတယ်” ဟု မူဆယ်မြို့ခံတစ်ဦးက NP News ကို ပြောသည်။

အလားတူ ယနေ့(ဒီဇင်ဘာ ၁၂ ရက်) နံနက်ပိုင်းတွင် တပ်မတော်နှင့် TNLA ပူးပေါင်းအဖွဲ့များကြားတွင် မူဆယ်မြို့ နှင့်တစ်ဝိုက်၌ ဆက်လက်တိုက်ပွဲဖြစ်နေလျက်ရှိကြောင်း အထက်ပါမြို့ခံက ထပ်မံပြောသည်။

“ဒီနေ့ မနက်မှာလည်း မူဆယ်နဲ့ ၁ဝ၅ မိုင်ကြားမှာရှိတဲ့ တုံထန်ရွာနားမှာပဲ ဖြစ်နေတယ်။ တိုက်ပွဲက ရပ်သွားလိုက် ပြန်ပစ်လိုက်နဲ့ဖြစ်နေတာ။ အဓိကတော့ MNDAA အဖွဲ့တွေနဲ့ TNLA အဖွဲ့တွေ ပါတယ်။ သူတို့နဲ့ တပ်မတော်နဲ့ ဖြစ်နေကြတာပေါ့။ ဒီနေ့မနက်တော့ လေယာဉ်နဲ့လာပြီး ပစ်တာမျိုးတော့ မရှိသေးဘူး” ဟု ၎င်းက ဆက်လက် ပြောသည်။

MNDAA၊ TNLA၊ AA မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့သည် ပြီးခဲ့သော အောက်တိုဘာ ၂၇ ရက်မှစတင်ကာ (၁၀၂၇ စစ်ဆင်ရေး) အမည်ဖြင့် ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းရှိ လုံခြုံရေးစခန်းများကို အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

ထို့အပြင် ရခိုင်လက်နက်ကိုင်အဖွဲ့ဖြစ်သည် AA သည်လည်း ရခိုင်ပြည်နယ်အတွင်း၌ နိုဝင်ဘာ ၁၃ ရက်မှစတင်ကာ တစ်ကျော့ပြန်တိုက်ပွဲများကို ပြန်လည်ဖော်ဆောင်ခဲ့သည်။

ယနေ့ နေ့လည်ပိုင်းအချိန်အထိ ရခိုင်ပြည်နယ်အတွင်း၌ တပ်မတော်နှင့် AA အဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲများ မရှိခဲ့ကြောင်း ရခိုင်ပြည်နယ်လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူက NP News ကို ပြောသည်။

“ဒီနေ့မှာတော့ ရခိုင်ဘက်မှာ ပစ်တာခတ်တာ မရှိပါဘူး။ ဆွေးနွေးပွဲရဲ့ ရလာဒ်လားတော့ မသိဘူး။ ပြီးတော့ ဒီဇင်ဘာလကုန်အထိ ပစ်ခတ်တိုက်ခိုက်တာတွေ ရပ်စဲမယ်လို့လည်း သတင်းတွေကြားနေရတယ်။ သေချာတော့ အတည်မပြုနိုင်သေး ဘူးပေါ့။ အဲဒီလိုဖြစ်ရင်တော့ လူထုအတွက်၊ အားလုံးအတွက် ကောင်းတာပေါ့” ဟု ရခိုင် ပြည်နယ်လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူက ပြောသည်။

အလားတူ ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA အဓိက တိုက်ပွဲဖော်ဆောင်နေသည့် ရှမ်းပြည်နယ်၊ လောက်ကိုင် မြို့နှင့် တစ်ဝိုက်တွင်လည်း ယနေ့နေ့လည်ပိုင်းအချိန်အထိ နှစ်ဖက်အကြား ပစ်ခတ်တိုက်ခိုက်မှုများ မရှိခဲ့ကြောင်း လောက်ကိုင်မြို့ ခံတစ်ဦးက NP News ကို ပြောသည်။

တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့တို့အကြား (၁)လကျော်ကြာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီးနောက် ယခုရက်ပိုင်းအတွင်းတွင် တရုတ်နိုင်ငံ၏ ကြားဝင်ကူညီပေးမှုဖြင့် တရုတ်နိုင်ငံ၌ နစက၏ NSPNC နှင့် မြောက်ပိုင်းမဟာမိတ် (၃)ဖွဲ့ ၏ တာဝန်ရှိသူများကြား တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

လက်ရှိပဋိပက္ခများကို စစ်ရေးအစား နိုင်ငံရေးဖြင့် ဖြေရှင်းရန်အတွက် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ပြီး ယင်းကဲ့သို့ တွေ့ဆုံဆွေးနွေးမှုသည် အပြုသဘောဆောင်သည့်ရလာဒ်များရရှိခဲ့သည်ဟု တရုတ်အစိုးရက ဆိုသည်။

ထိုသို့ NSPNC နှင့် မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့၏ တွေ့ဆုံဆွေးနွေးမှုရလာဒ် တိုးတက်မှုအပေါ် မူတည်ကာ ယခု ဒီဇင်ဘာလကုန်ပိုင်းတွင် နှစ်ဖက်အကြား ထပ်မံဆွေးနွေးသွားရန်ရှိကြောင်း နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း က ယမန်နေ့တွင် ပြောဆိုခဲ့သည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဗန်းမော်ကျောင်းတိုက်ရှိ ဝိဇ္ဇာစရဏကျောင်းဆောင်တော်အား ဗန်းမော်ဆရာတော်ကြီး၏ အထိမ်းအမှတ်ပြတိုက်အဖြစ် ပြုလုပ်မည်

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved