၂ဝ၂၄ ခုနှစ်အတွင်း ကျင်းပမည့် ရုရှားသမ္မရွေးကောက်ပွဲကို သိမ်းပိုက်ထားသည့် နယ်မြေဒေသ လေးခုတွင်လည်း ကျင်းပသွားဖွယ်ရှိနေ
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၁၂
ရုရှားနိုင်ငံတွင်လာမည့်ပ ၂ဝ၂၄ ခုနှစ်အတွင်းကျင်းပမည့် သမ္မတရွေးကောက်ပွဲတွင် ဒေသအသစ်များတွင်လည်း ကျင်းပပြုလုပ်သွားဖွယ်ရှိနေကြောင်း ရုရှားရွေးကောက်ပွဲကော်မရှင်က ထုတ်ဖော်ပြောဆိုလိုက်သည်။
ရုရှားသည် ယူကရိန်းကို ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလက စတင်တိုက်ခိုက်ခဲ့ပြီးနောက် ရုရှားဘာသာစကားပြောသော ယူကရိန်းပိုင်နက်များဖြစ်သည့် ဒွန်းညက်စ်၊ လူဟန့်စ်၊ ခါဆွန် နှင့် ဇာပိုရိုဟီဒေသများကို သိမ်းပိုက်ခဲ့ကာ ယင်းဒေသ များသည် လက်ရှိအချိန်တွင် ရုရှားလက်အောက်ခံဒေသများအဖြစ် ပူးပေါင်းထားကြောင်း သိရသည်။
ရုရှားရွေးကောက်ပွဲကော်မရှင်က "လက်ရှိအချိန်မှာ တိုင်ပင်ဆွေးနွေးနေတယ်။ ရုရှားဖွဲ့စည်းပုံအခြေခံဥပဒေ အတွင်း ပါဝင်တဲ့ ပိုင်နက်တွေအားလုံးမှာ သမ္မတရွေးကောက်ပွဲကျင်းပသွားမယ်" ဟု ပြောသည်။
ရုရှားသည် အဆိုပါသိမ်းပိုက်ထားသော နယ်မြေဒေသ ၄ ခုတွင် ရုရှားနှင့် ပူးပေါင်းလိုခြင်း ရှိ-မရှိ ဆိုသောအချက်ကို ဆန္ဒခံယူပွဲပြုလုပ်ကာ ဆန္ဒခံယူပွဲရလဒ်များအတိုင်း ရုရှားလက်အောက်ခံဒေသများအဖြစ် ထည့်သွင်းခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
အဆိုပါ ဒေသလေးခုသည် ရုရှား နှင့် ယူကရိန်းကြား လက်ရှိဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခတွင် အဓိက အခန်းကဏ္ဍမှပါဝင်နေကြောင်း သိရသည်။ ယူကရိန်းသည် အဆိုပါဒေသလေးခုကို သိမ်းပိုက်နိုင်ရန်အတွက် တန်ပြန်ထိုးစစ်ဆင်မှုများရှိနေပြီး လက်ရှိအချိန်အထိ ပြန်လည်သိမ်းပိုက်နိုင်ခြင်း မရှိကြောင်း သိရသည်။ ရုရှားသမ္မတပူတင်သည် လာမည့်နှစ်အတွင်း ကျင်းပမည့် သမ္မတရွေးကောက်ပွဲတွင် တစ်ကျော့ပြန်ပါဝင် ယှဉ်ပြိုင်သွားမည်ဟု ပြီးခဲ့သောရက်ပိုင်းတွင်သတင်းထုတ်ပြန်ထားပြီးဖြစ်ကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အာဖရိကအနောက်ပိုင်း စစ်ရေးတင်မာမှု တစ်ထစ်လျော့ခြင်းနှင့်အတူ သမ္မတဟောင်းဘဇွမ်း အာဏာပြန်လည်ရရှိရေး နိဂုံးချုပ်(ဘာသာပြန်ဆောင်းပါး)
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ