Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အာဖရိကအနောက်ပိုင်း စစ်ရေးတင်မာမှု တစ်ထစ်လျော့ခြင်းနှင့်အတူ သမ္မတဟောင်းဘဇွမ်း အာဏာပြန်လည်ရရှိရေး နိဂုံးချုပ်(ဘာသာပြန်ဆောင်းပါး)

Htay Oung (NSS) - ဒီဇင်ဘာ ၁၂ 

အာဖရိကတိုက်အနောက်ပိုင်း တိုင်းပြည်ခေါင်းဆောင်တွေဟာ နိုင်ဂျာနိုင်ငံရဲ့ လက်ရှိအာဏာရ စစ်အစိုးရကို ဒီဇင်ဘာလ ၁ဝ ရက်၊ တနင်္ဂနွေနေ့မှာ တရားဝင် အသိအမှတ်ပြုလိုက်ပါတယ်။ ဒါပေမယ့် ဇူလိုင်လ နိုင်ဂျာ အာဏာ သိမ်းမှုကို နောက်ပြန်ဆုတ်ပေးဖို့ သူတို့ရဲ့ပိတ်ဆို့အရေးယူမှုတွေဟာ အသွင်ကူးပြောင်းရေးကာလ စတင် နေသည့်တိုင် ဆက်လက်တည်ရှိနေမှာဖြစ်ကြောင်း၊ အချိန်တိုအတွင်း အရပ်သားအုပ်ချုပ်ရေးဖြစ်ပေါ်လာစေဖို့ တွန်းအားပေးနေမှာဖြစ်ကြောင်း ပြောဆိုတယ်လို့ အေပီသတင်းအေဂျင်စီက ဒီဇင်ဘာလ ၁၂ ရက်မှာ ရေးသားခဲ့ပါ တယ်။


နိုင်ဂျာစစ်တပ်က ကနဦး အဆိုပြုထားတဲ့ သုံးနှစ်ကြာ အသွင်ကူးပြောင်းရေးကာလအတွင်း နိုင်ဂျာစစ်အစိုးရနဲ့ ထိတွေ့ဆက်ဆံမှာဖြစ်ကြောင်း ECOWAS “အီကိုဝပ်စ်” (ခေါ်) ၁၅ နိုင်ငံပါ အနောက်အာဖရိကနိုင်ငံများ စီးပွား ရေးဆိုင်ရာအစုအဖွဲ့က ဥက္ကဋ္ဌက နိုင်ဂျီးရီးယားနိုင်ငံ အဘူဂျာမြို့တော် အစည်းအဝေးမှာ ပြောပါတယ်။

ပေါ်တူဂီနဲ့ ပြင်သစ်ကိုလိုနီဟောင်းများ တိုင်းပြည်များ ပါဝင်နေတဲ့ အဆိုပါသမဂ္ဂဟာ အာဖရိကအနောက်ပိုင်းဒေသ အတွင်း ငြိမ်းချမ်းရေးနဲ့ အပြန်အလှန်မှီခိုမှု၊ စည်းလုံးညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် လူ့အခွင့်အရေး ကိုမြှင့်တင်ပြီး စီးပွားရေးနှင့် လူမှုရေးတရားမျှတမှုတို့အပေါ် အခြေခံဖို့အတွက် ၁၉၇၅ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပါ တယ်။ အီကိုဝပ်စ်ဟာ ဒေသတွင်း ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်အနေနဲ့လည်း ဆောင်ရွက်လျက်ရှိပြီး အဖွဲ့ဝင်နိုင်ငံ များရဲ့နိုင်ငံရေးမတည်ငြိမ်မှုများနဲ့ ဆူပူမငြိမ်မသက်မှုများဖြစ်ပွားတဲ့အခါ ပူးပေါင်းစစ်တပ်များကို ရံဖန်ရံခါစေလွှတ် လေ့ရှိပါတယ်။ လိုင်ဘေးရီးယားနဲ့ ဆီယာရာလီယွန် ပြည်တွင်းစစ်တို့မှာ အဓိကကျတဲ့အခန်းကဏ္ဍမှ ပါဝင်ခဲ့ဖူးပါ တယ်။ 


ဒါပေမယ့် အဖွဲ့၀င်နိုင်ငံများအတွင်း အစိုးရအသီးသီးတို့ဟာ ကြောက်မက်ဖွယ် ကူးစက်ဗိုင်းရပ်စ်ရောဂါပြဿနာ များအပြင် နိုင်ငံရေး မတည်ငြိမ်မှုများ ရွေးကောက်ပွဲအကြမ်းဖက်မှုများနဲ့ ရင်ဆိုင်နေကြရပါတယ်။ နိုင်ငံတစ်နိုင်ငံ တည်းမှာပင် စစ်ရေးသဘောထားကွဲလွဲမှုများ ရှိနေကြပြီး တိုင်းပြည်စီးပွားရေးမှာ နိုင်ငံသားတိုင်း ပါဝင်လာအောင် စွမ်းဆောင်နိုင်ခြင်း မရှိကြပါဘူး။ ကုလသမဂ္ဂရဲ့နဲ့ ဥရောပတို့မှ ငြိမ်းချမ်းရေူတပ်များဟာ အစ္စလာမ်မစ် ဘာသာရေး အစွန်းရောက်တို့ရဲ့တိုက်ခိုက်သောင်းကျန်းမှုများ၊ တရားမဝင်နယ်စပ်ဖြတ်ကျော်မှုများကို ထိန်းချုပ်နိုင်ခြင်း မရှိခဲ့ပါ ဘူး။

ဒီအတွက် ၂ဝ၂ဝ ပြည့်နှစ်မှ စတင်ပြီး အနောက်နဲ့ အလယ်ပိုင်း အာဖရိကနိုင်ငံများအတွင်း စစ်အာဏာသိမ်းယူရန် အားထုတ်မှု ၈ ကြိမ် ရှိခဲ့ပြီး ၆ ကြိမ်မှာ အောင်မြင်ခဲ့ပါတယ်။ ၂ဝ၂၃ ခုနှစ်အရောက်မှာ အရှေ့ဖျား ဆူဒန်နိုင်ငံမှ အနောက်ဖျား ဂီနီဘစ်ဆောနိုင်ငံအထိ အာဖရိကတိုက်ကို ခါးလယ်မှဖြတ်ပြီး အာဏာသိမ်းနိုင်ငံများ ခါးပတ်ကွင်း ကြီးသဖွယ်ဖြစ်လာခဲ့ပါတယ်။ 

၁၉၆ဝ ပြည့်နှစ် ပြင်သစ်ထံမှ လွတ်လပ်ရေးရပြီးနောက်ပိုင်း နိုင်ဂျာဟာ ဖွဲ့စည်းပုံဥပဒေ ၅ ခုနဲ့ စစ်အုပ်ချုပ်ရေး ကာလ ၃ ကြိမ်တို့ကို ဖြတ်သန်းခဲ့ရပါတယ်။ ၂ဝ၂၁ ပြည့်နှစ် အာဖရိကအနောက်ပိုင်းနိုင်ငံရဲ့ပထမဆုံးသော ဒီမိုကရေစီနည်းကျ ငြိမ်းချမ်းစွာအာဏာလွှဲပြောင်းမှုမှာ မိုဟာမက်ဘဇွမ်းကို သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခဲ့ကြပါတယ်။ ၂ဝ၂၃ ခုနှစ် ဇူလိုင်လမှာ သမ္မတဘဇွမ်းကို သူ့ရဲ့အနီးကပ်လုံခြုံရေးတွေက ထိန်းသိမ်းပြီး နိုင်ငံကို ဗိုလ်ချုပ်ကြီး အဗ္ဗဒူရာမန်_ချီယာနီက တာ၀န်ယူလိုက်တယ်လို့ နိုင်ဂျာစစ်တပ်က ကြေညာခဲ့ပါတယ်။

တရားဝင်အစိုးရတစ်ရပ်ကို အပြောင်းအလဲဖြစ်အောင် ဥပဒေမဲ့ အားထုတ်မှုအဖြစ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ က ပြင်းပြင်းထန်ထန်ရှုတ်ချပါတယ်။ ဘဇွမ်းကို ခြွင်းချက်မရှိ ချက်ချင်းပြန်လွှတ်ပေးဖို့ အမေရိကန်နဲ့ ရုရှား အပါအဝင် အဖွဲ့ဝင် ၁၅ နိုင်ငံလုံးက ကန့်ကွက်သူမရှိ တောင်းဆိုထားပါတယ်။ အာဏာသိမ်းမှုဟာ နိုင်ငံတကာရဲ့ ရှုတ်ချမှုကိုဖြစ်ပေါ်စေပြီး အာဖရိကနောက်ပိုင်းနိုင်ငံများ စီးပွားရေးအဖွဲ့ကလည်း ဒီမိုကရေစီအုပ်ချုပ်ရေး ပြန်လည် ထူထောင်ဖို့အတွက် နိုင်ဂျာအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့ပါတယ်။

၂ဝ၂၁ ခုနှစ်နောက်ပိုင် နိုင်ဂျာဟာ အမေရိကန်ရဲ့အရင်းနှီးဆုံးနဲ့ ထောက်ပံ့မှုအများဆုံး ရရှိတဲ့ အာဖရိကနိုင်ငံ ဖြစ်ပါတယ်။ ဆာဟဲလို့ခေါ်တဲ့ ဆာဟာရသဲကန္တာရတောင်ကိုင်းဒေသရှိ အယ်လ်ကိုင်ဒါ-အိုင်အက်စ်တို့နဲ့ဆက်နွယ် နေတဲ့ ဂျီဟတ်ဝါဒီများကို တိုက်ခိုက်ရာမှာ ယုံကြည်စိတ်ချရတဲ့ နောက်ဆုံးမိတ်ဖက်နိုင်ငံအဖြစ် အနောက်အုပ်စုက ရှုမြင်ထားပါတယ်။ အစွန်းရောက်ဝါဒကိုတိုက်ဖျက်ရာမှာ ရုရှားနဲ့ အနောက်အုပ်စုတို့ သြဇာလွှမ်းမိုးရေး အားပြိုင်နေ တဲ့နိုင်ဂျာဟာ နောက်ဆုံးဖြစ်နေပါတယ်။ ပြင်သစ်စစ်သား ၁၅ဝဝ တို့က နိုင်ဂျာနဲ့ပူးပေါင်းစစ်ဆင်ရေး ဆောင်ရွက် နေပြီး အမေရိကန်နဲ့ အခြားဥရောပနိုင်ငံများက နိုင်ဂျာစစ်တပ်ကို လေ့ကျင့် သင်ကြားပေးနေပါတယ်။

ဘဇွမ်းကို ပြန်လည်တင်မြှောက်ရေးကိစ္စနဲ့ စစ်ရေး ဝင်ရောက်စွက်ဖက်ရလိမ့်မယ်လို့ အီကို၀ပ်စ် အာဖရိကနိုင်ငံများ အဖွဲ့က ခြိမ်းခြောက်ခဲ့ပါတယ်။ အဲဒီလိုဖြစ်လာခဲ့ရင် နိုင်ဂျာကို စစ်ရေးအကူအညီပေးမယ်လို့ အိမ်နီးချင်း မာလီနဲ့ ဘူကီနာဖာဆိုစစ်အစိုးရတို့က အခိုင်အမာ ကတိပြုထားကြပါတယ်။ ဥရောပသမဂ္ဂနဲ့ အဓိကလုံခြုံရေးသဘော တူညီချက်များကို ရုပ်သိမ်းခဲ့တဲ့ နိုင်ဂျာစစ်အစိုးရဟာ ကာကွယ်ရေးမိတ်ဖက်အဖြစ် ရုရှားဘက်ကို လှည့်ပြောင်းသွား ခဲ့ပါတယ်။ အီကိုဝပ်စ်ဘက်က အမေရိကန်နဲ့ ပြင်သစ်တို့က လျှို့ဝှက်ကူညီနေကြောင်း သတင်းများနဲ့အတူ အာဖရိကတိုက်အနောက်ခြမ်းမှာ စစ်ရိပ်စစ်ငွေ့များ ယှက်သမ်းလားခဲ့ရပါတယ်။

အခုတော့ အီကိုဝပ်စ်သမဂ္ဂက စစ်အစိုးရကို အသိအမှတ်ပြုလိုက်ခြင်းဟာ ဖယ်ရှားခံ နိုင်ဂျာသမ္မတ ဘဇွမ်းကို ချက်ချင်း ပြန်လည်ခန့်အပ်ပေးရန် မျှော်လင့်ချက်ကို အဆုံးသတ်ခြင်းပဲဖြစ်ပါတယ်။ ဒါပေမယ့် နိုင်ဂျာမှာ ဖြစ်ပျက်ခဲ့ တာတွေဟာ အာဏာသိမ်းမှုဖြစ်ပြီး နိုင်ဂျာစစ်တပ်ရဲ့အမျိုးသားလုံခြုံရေးကောင်စီက အုပ်ချုပ်နေတယ်လို့ နိုင်ငံ့ ခေါင်းဆောင်တွေက အသိအမှတ်ပြုထားကြောင်း ဆွေးနွေးပွဲအပြီး အီကိုဝပ်စ်ဥက္ကဋ္ဌက သတင်းထောက်တွေကို မှတ်ချက်ပေးပါတယ်။

အာဏာသိမ်းစဉ်ထိန်းသိမ်းခံထားရတဲ့ ဘဇွမ်းကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရန် အနောက်အာဖရိက ခေါင်းဆောင်များက တောင်းဆိုခဲ့ပေမယ့် သမ္မတအဖြစ် ပြန်လည်ခန့်အပ်ရေးကိစ္စမှာ နှုတ်ဆိတ်နေကြပါတယ်။ အီကိုဝပ်စ်သမဂ္ဂရဲ့တောင်းဆိုချက်များကို စစ်အစိုးရက သဘောတူမှသာ နိုင်ဂျာအပေါ် ဒေသတွင်း ပိတ်ဆို့အရေးယူ မှုများ ဖြေလျှော့ပေးမှာဖြစ်ကြောင်း၊ ပျက်ကွက်ပါက နိုင်ဂျာစစ်အုပ်စုအပေါ် အစုအဖွဲ့အင်အားအသုံးပြုမှုနဲ့ မိတ်ဖက်နိုင်ငံအားလုံးတို့က ပိတ်ဆို့အရေးယူမှုများကို ဆက်လက်ထိန်းသိမ်းထားရန် တွန်းအားပေးသွာမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဒေသတွင်း အာဏာသိမ်းယူမှု ဒီရေကို တားဆီးဖို့ သူတို့ရဲ့ကြိုးပမ်းမှုတွေဟာ ယခုအချိန်အထိ အောင်မြင်မှုနည်းပါးကြောင်း အစည်းအဝေး အစပိုင်းကတည်းက အီကိုဝပ်စ်နိုင်ငံခေါင်းဆောင်များက အသိအမှတ် ပြုခဲ့ပါတယ်။

အနောက်အာဖရိကသမဂ္ဂရဲ့ပိတ်ဆို့ဒဏ်ခတ်မှုများနဲ့ အခြားအရေးယူမှုများရှိနေပေမယ့် နိုင်ဂျာစစ်အစိုးရဟာ အိမ်နီးချင်း မာလီ၊ ဘာကီနာဖာဆိုစစ်အစိုးရများ အကူအညီနဲ့ သူတို့ရဲ့အာဏာကို စုစည်းထားပါတယ်။ အဲဒီ နှစ်နိုင်ငံ ကလည်း သူတို့ရဲ့အရပ်သားအုပ်ချုပ်မှု အသွင်ကူးပြောင်းရေးမှာ အီကိုဝပ်စ်သမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းကို ရပ်ဆိုင်းလိုက်တယ်လို့ ပြောပါတယ်။

ဒေသတွင်း စစ်အင်အားအကြီးမားဆုံးဖြစ်တဲ့ နိုင်ဂျီးရီးယားနိုင်ငံဟာ နိုင်ဂျာအပေါ် အပြင်းထန်ဆုံး ပိတ်ဆို့အရေးယူ မှုများကို ချမှတ်ခဲ့တဲ့အပြင် အခြားနိုင်ငံများနဲ့လည်း ချိတ်ဆက်ဆောင်ရွက်မယ်လို့ ပြောပါတယ်။ 

နိုင်ဂျာနဲ့အခြားနေရာများမှာ အာဏာရယူခဲ့တဲ့ စစ်သားများကို တားဆီးမည့်အစား ယခုလို ပိတ်ဆို့အရေးယူမှုများကို ချမှတ်နေခြင်းဟာ အာဏာသိမ်းနိုင်ငံများ စုဖွဲ့မှု ကျစ်လစ် အားကောင်းအောင် တွန်းအားပေးသလိုဖြစ်နေတယ်လို့ လေ့လာသူများက သုံးသပ်ပါတယ်။ နိုင်ဂျာစစ်အစိုးရဟာ ဘာကီနာဖာဆို မာလီတို့နဲ့ မဟာမိတ်ဖွဲ့ထားပြီး ဥရောပ နိုင်ငံများ အထူးသဖြင့် ပြင်သစ်တို့နဲ့အဆက်အသွယ်နေရာမှာ စစ်ရေးမိတ်ဖက်အဖြစ် ရုရှားနဲ့ ပိုမိုနီးကပ်သွားပါ တယ်။

#နိုင်ဂျာအာဏာသိမ်းအစိုးရ #သမ္မတ_မိုဟာမက်_ဘဇွမ်း #အီကို၀ပ်စ် #နိုင်ဂျီးရီးယား #အနောက်အာဖရိကနိုင်ငံများ စီးပွားရေးဆိုင်ရာသမဂ္ဂ 


(AP., 11 December 2023,” In coup-hit West Africa, regional leaders recognize Niger’s junta but seek fast return to democracy”) ကို #HtayOung, #OungMarine ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရွှေတိဂုံစေတီတော်၏ အလှူငွေအားလုံးသည် သက်ဆိုင်ရာဘဏ်အကောင့်များတွင် ရှိနေပြီ ငွေကျပ်ဘီလျံ ၁၀၀ နီးပါးနှင့် အမေရိကန်ဒေါ်လာ ၁၆ သန်းကျော်ရှိ

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved