ပါကစ္စတန်စစ်အခြေစိုက်စန်း နှင့် ရဲစခန်းတို့ တိုက်ခိုက်ခံရမှုကြောင့် အနည်းဆုံး ၂၃ ဦး သေဆုံး
Pika (NSS) - ဒီဇင်ဘာ ၁၂
ပါကစ္စတန်အနောက်မြောက်ပိုင်းရှိ စစ်အခြေစိုက်စခန်းတစ်ခု နှင့် ရဲစခန်းတို့ တိုက်ခိုက်ခံရပြီး အနည်းဆုံး တပ်ဖွဲ့ဝင် ၂၃ ဦး သေဆုံး ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ပါကစ္စတန်စစ်ဘက်တာဝန်ရှိသူတစ်ဦးက "အကြမ်းဖက်အဖွဲ့ရဲ့တိုက်ခိုက်မှုကြောင့် လူအများအပြား သေဆုံးခဲ့တယ်။ အကြမ်းဖက်သမားတွေဟာ အရပ်သားအဝတ်စားတွေ ဝတ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်တယ်။ အဲဒီအချိန်မှာ တပ်ဖွဲ့ဝင်အများအပြားက အိပ်နေခဲ့တယ်" ဟု ပြောသည်။
အသေခံဗုံးခွဲတိုက်ခိုက်သူသည် အခြားလက်နက်ကိုင်အဖွဲ့စည်းများနှင့်ပူးပေါင်းပြီး ဒါရာဘန်ဒေသရှိ ရဲစခန်း နှင့် စစ်အခြေစိုက်စခန်းများကို ပေါက်ကွဲစေသောပစ္စည်းများ တင်ဆောင်ထားသည့် ကား အသုံးပြုကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အကြမ်းဖက်သမားများသည် ဗုံးများ၊ သေနတ်များကို အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် ပါကစ္စတန်စစ်သားများသည် အခြေအနေကို ပြန်လည်ထိန်းနိုင်ခဲ့ကြောင်း သိရသည်။
ပါကစ္စတန်အခြေစိုက် စစ်သွေးကြွအုပ်စုဖြစ်သော Tahreek-e-Jihad Pakistan (TJP) က ၎င်းတို့သည် ပါကစ္စတန် စစ်အခြေစိုက်စခန်းကို ရည်ရွယ်တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။ အဆိုပါတိုက်ခိုက်မှုတွင် Tahreek-e-Jihad Pakistan (TJP) နှင့်အတူ မည့်သည်လက်နက်ကိုင်အဖွဲ့အစည်းများ ပါဝင်ခဲ့ပြီး၊ ပါကစ္စတန်စစ်သား မည်မျှ သုတ်သင်နိုင်သလဲဆိုသောအချက်ကို သတင်းထုတ်ပြန်ခြင်းမျိုး မရှိကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုသည် အာဖန်ဂန်နစ္စတန်နိုင်ငံ နှင့် နယ်စပ်ချင်းထိစပ်နေသော ပါကစ္စတန်နယ်စပ်ဒေသဖြစ်သည့် Dera Ismail Khan တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးစစ်အခြေစိုက်စခန်းနှင့်အတူ ရဲစခန်းကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းမျိုးဖြစ်ကြောင်း သတင်းတွေက ဖော်ပြထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂ဝ၂၄ ခုနှစ်အတွင်း ကျင်းပမည့် ရုရှားသမ္မရွေးကောက်ပွဲကို သိမ်းပိုက်ထားသည့် နယ်မြေဒေသ လေးခုတွင်လည်း ကျင်းပသွားဖွယ်ရှိနေ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ