ယူကရိန်းနှင့်စစ်ပွဲဖြစ်ပွားနေချိန်အတွင်း ရုရှားနိုင်ငံက နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောအသစ်နှစ်စီးကို ထုတ်ဖော်ပြသ
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၁၂
ရုရှားရေတပ်ဖွဲ့သည် အမေရိကန်ဦးဆောင်သော အနောက်အုပ်စုနိုင်ငံများ နှင့် တင်းမာမှုများရှိနေချိန်တွင် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောနှစ်စီးကိုဒီဇင်ဘာ ၁၂ ရက်က ထုတ်ဖော်ပြသလိုက်ကြောင်း သိရသည်။
ရုရှားသမ္မတပူတင်သည် ပင်လယ်ဖြူဒေသ ဆာဗီရော့ ဗင်စကီးမြို့တွင် ကျင်းပသော ရေငုပ်သင်္ဘောအသစ် နှစ်စီး ထုတ်ဖော်ပြသပွဲနှင့် ရေငုပ်သင်္ဘာနှစ်စီးတွင် ရုရှားနိုင်ငံအလံ တပ်ဆင်ပွဲကို ကိုယ်တိုင်တက်ရောက်ခဲ့ကြောင်း သိရသည်။
ရုရှားရေတပ်သည် ပြီးခဲ့သော ၆ နှစ်ကျော်က တည်ဆောက်ခဲ့သော “Emperor Alexander III” အမည်ရှိ နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘော နှင့် “Krasnoyarsk” အမည်ရှိ ရေငုပ်သင်္ဘောတွေကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြသခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရုရှားသမ္မတပူတင်က "လက်ရှိ ရှိနေတဲ့စစ်သင်္ဘောတွေ၊ စစ်လက်နက်ပစ္စည်းတွေကြောင့် ရုရှားနိုင်ငံဟာ ဘေးကင်းလုံခြုံစိတ်ချရတဲ့အနေအထားမျိုးဖြစ်လာနိုင်တယ်လို့ခံစားကြရမှာပါ" ဟု ပြောသည်။ ထို့အပြင် ရုရှားသမ္မတက ရုရှားရေတပ်၏ စွမ်းရည်ပိုင်းကို လက်ရှိထက်ပိုမိုကောင်းမွန်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အလံတပ်ဆင်သောအခမ်းအနားအတွင်း ကတိပြုပြောဆိုခဲ့ကြောင်း သိရသည်။
အဆိုပါရေငုပ်သင်္ဘောအသစ်နှစ်စီးသည် ပစိဖိတ်သမုဒ္ဒရာရှိ ရုရှားရေတပ် တပ်ဖွဲ့အတွင်း ပူးပေါင်းပါဝင်သွားဖွယ် ရှိနေကြောင်း သိရသည်။ ရုရှားရေတပ်သည် လက်ရှိအချိန်တွင်လည်း နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘာ ၈ စီးကို ထပ်မံတည်ဆောက်လျက်ရှိနေကြောင်း ရုရှားအခြေစိုက်မီဒီယာများတွင် ဖော်ပြထားသည်။
ရုရှားသမ္မတပူတင်က "ရေငုပ်သင်္ဘောတွေဟာ ရုရှားရေတပ်ရဲ့တိုက်ခိုက်ရေးစွမ်းရည်တွေကို ပိုမိုကောင်းမွန်လာ ဖွယ်ရှိနေပါတယ်။ အထူးသဖြင့် ကက်စ်ပီယမ်ဒေသ၊ ဘော်တစ်ပင်လယ်အရှေ့အလယ်ပိုင်းဒေသ နဲ့ အာတိတ် သမုဒ္ဒရာအတွင်းရှိ ရုရှားရေတပ်သင်္ဘောအုပ်စုရဲ့တိုက်ခိုက်ရေးစွမ်းရည်တွေကို ပိုမိုကောင်းမွန်လာဖွယ်ရှိပါတယ်" ဟု ပြောသည်။
“Emperor Alexander III” အမည်ရှိ နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောသည် တစ်နာရီ ၄၆ ကီလိုမီတာနှုန်းဖြင့် မောင်းနှင်သွားလာနိုင်ပြီး ရေတပ်တပ်ဖွဲ့ဝင် အနည်းဆုံး ၁၅ဝ ကျော် လိုက်ပါနိုင်မည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် “Krasnoyarsk” အမည်ရှိ ရေငုပ်သင်္ဘောသည် ရေတပ်တပ်ဖွဲ့ဝင် ၆၄ ဦး လိုက်ပါနိုင်မည်ဖြစ်ကြောင်း သိရသည်။
ရုရှားသည် ယူကရိန်းနှင့် ၂ဝ၂၁ ခုနှစ်တွင် စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်းတည်းက အသံထက်မြန်သောဒုံးကျည်၊ ရေငုပ်သင်္ဘောများ အပါအဝင် စစ်လက်နက်ပစ္စည်းအမျိုးမျိုးကို ထုတ်ဖော်စမ်းသပ်ပြသခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နယ်စပ်ဒေသ ဘေးကင်းလုံခြုံစေရန်အတွက်ဟစ်ဘိုလာအုပ်စု နှင့် သဘောတူစာချုပ်ရန် လမ်းဖွင့်ထားကြောင်း အစ္စရေးအစိုးရပြော
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ