နယ်စပ်ဒေသ ဘေးကင်းလုံခြုံစေရန်အတွက်ဟစ်ဘိုလာအုပ်စု နှင့် သဘောတူစာချုပ်ရန် လမ်းဖွင့်ထားကြောင်း အစ္စရေးအစိုးရပြော
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၁၂
အစ္စရေး နှင့် လက်ဘနွန်နယ်စပ်ဒေသတစ်လျှောက် ဘေးကင်းလုံခြုံစေရန်နှင့် အခြားလုံခြုံရေးကိစ္စများအတွက် ဟစ်ဘိုလာလက်နက်ကိုင်အုပ်စု နှင့် သဘောတူညီမှုစာချုပ်ချုပ်ဆိုနိုင်ရန် လမ်းကြောင်းဖွင့်လှစ်ထားကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုလိုက်သည်။
အစ္စရေးကာကွယ်ရေးဝန်ကြီး ယော့ဂယ်လန့်က "ဟစ်ဘိုလာလက်နက်ကိုင်အုပ်စုဟာ သဘောတူညီမှုလုပ်ငန်းစဉ် တွေကိုလက်ခံမယ်ဆိုရင် ကျွန်တော်တို့ဘက်လည်း လက်ခံသွားမယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ အသေးစိတ်အခြေအနေတွေကို ပြောလို့မရသေးဘူး" ဟု ပြောသည်။
ထို့အပြင် အစ္စရေးဒုတိယဝန်ကြီးချုပ်တစ်ဦးဖြစ်သူ ဘန်နီဂန့်ဇ်ကလည်း နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် ဟစ်ဘိုလာအုပ်စု၏ အစ္စရေးနိုင်ငံအပေါ် တိုက်ခိုက်နေခြင်းများကို ရပ်တန့်ရန်အတွက် လုပ်ဆောင်ရန် လိုအပ်နေ ကြောင်း ထပ်မံပြောဆိုထားသည်။
အစ္စရေး နှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား အောက်တိုဘာ ၇ ရက်က စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း လက်ဘနွန် အခြေစိုက်ဟစ်ဘိုလာအုပ်စုက အစ္စရေးနိုင်ငံဘက်ခြမ်းကို ရော့ကက်ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ အစ္စရေး နှင့် ဟစ်ဘိုလာအုပ်စုကြား အပြန်အလှန်ပစ်ခတ်မှုများသည် လက်ရှိအချိန်တွင် ယခင်ထက်ပိုမိုမြင့်တက် လာနေကြောင်း သိရသည်။
အစ္စရေးသည် ဟစ်ဘိုလာအုပ်စု၏ တိုက်ခိုက်မှုများကို ချက်ချင်းလက်တုံ့ပြန်တိုက်ခိုက်ခဲ့ပြီး လေကြောင်းမှ ဗုံးကြဲ ခြင်း၊ အမြှောက်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ အစ္စရေး၏ တိုက်ခိုက်မှုများ ကြောင့် ဟစ်ဘိုလာအုပ်စုအဖွဲ့ဝင်များ အပါအဝင် လက်ဘနွန်နိုင်ငံသား အနည်းဆုံး ၁ဝဝ ဦး သေဆုံးထားကြောင်း သိရသည်။
အစ္စရေးဒုတိယဝန်ကြီးချုပ်ဖြစ်သူဘန်နီဂန့်ဇ်က "အီရန်နိုင်ငံရဲ့အထောက်ပံ့တွေကို ရရှိထားတဲ့ ဟစ်ဘိုလာအုပ်စု ဟာ အစ္စရေးနိုင်ငံကို တိုးမြှင့်တိုက်ခိုက်လာနေတယ်။ အစ္စရေးနိုင်ငံမြောက်ပိုင်းရှိ ပြည်သူတွေကို ခြိမ်းခြောက်မှုတွေ မရှိအောင်လုပ်ဆောင်ပေးဖို့ တောင်းဆိုလိုပါတယ်" ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလီကန် နှင့် တွေ့ဆုံဆွေးနွေးချိန်အတွင်း ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
3x3x3 Rubik’s Cube အခက်အခဲကို (၆) စက္ကန့်အတွင်း ဖြေရှင်းနိုင်ခဲ့သော (၆) နှစ်အရွယ်ကလေးငယ်
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း