မလေးရှားမှာ ရုတ်တရက် အသက်ရှုကြပ်သွားတဲ့ ကိုယ်အလေးချိန် ၂၀၀ ကီလိုဂရမ်လောက်ရှိတဲ့အမျိုးသားတစ်ဦးကို မီးသတ်သမား ၈ ဦးနဲ့ မရွှေ့ကာ ဆေးရုံတင်ရ
ရောင်နီ(NSS) - ဒီဇင်ဘာ ၁၂
မလေးရှားနိုင်ငံမှာ ကိုယ်အလေးချိန် ကီလိုဂရမ် ၂၀၀ ခန့်ရှိတဲ့ အဝလွန်သူ အမျိုးသားတစ်ဦးဟာ ဒီဇင်ဘာ ၉ ရက် ညပိုင်းက ပီနန်ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုမှာ အသက်ရှူကြပ်တဲ့ဝေဒနာ ရုတ်တရက် ခံစားခဲ့ရပြီး မေ့လဲခဲ့ပါတယ်။
၎င်းရဲ့ခန္ဓာကိုယ်ဟာ လေးလံလွန်းတာကြောင့် ဆေးရုံတင်ဖို့ မီးသတ်သမား ၈ ဦးနဲ့ သယ်ယူရွှေ့ပြောင်းခဲ့ရတယ်လို့ သိရပါတယ်။
ပီနန်မီးသတ်နဲ့ကယ်ဆယ်ရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ဒီဇင်ဘာ ၉ ရက် ည ၈ နာရီ ၄၅ မိနစ်ခန့်မှာ အဆိုပါဖြစ်ရပ်နဲ့ပတ်သက်ပြီး အကြောင်းကြားစာ လက်ခံရရှိခဲ့တာကြောင့် Perak လမ်းမီးသတ်စခန်းမှ မီးသတ်သမားအဖွဲ့တစ်ဖွဲ့ကို တည်နေရာ ပို့ဆောင်ခဲ့ရကြောင်း၊ အဆိုပါနေရာမှာ အသက် ၄၀ အရွယ် အဝလွန်သူအမျိုးသားဟာ အသက်ရှုကြပ်ပြီး သတိလစ်နေခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
၎င်းရဲ့ကိုယ်အလေးချိန်ကြောင့် မီးသတ်သမားတွေဟာ အလုပ်ရှင်ပိုင် ထရပ်ကားနဲ့ ၎င်းရဲ့ခန္ဓာကိုယ်ကို သယ်ဆောင်ကာ ဆေးရုံပို့ခဲ့ရတယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြောက်ပိုင်းသုံးဖွဲ့နဲ့ နစကရဲ့ NSPNC တို့ တရုတ်မှာ ဆွေးနွေးကြတဲ့ကိစ္စ၊ မူဆည် (၁ဝ၅)မိုင်နဲ့ လောက်ကိုင်တိုက်ပွဲအခြေအနေ၊ ရွှေတိဂုံနဲ့ ဗိုလ်တထောင် စေတီတော်မြတ်ကြီးတို့အပေါ် သွားပုပ်လေလွင့် ဝါဒဖြန့်တဲ့ကိစ္စ (၁၁-၁၂-၂ဝ၂၃)
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ