Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြန်မာနိုင်ငံမြောက်ပိုင်းမှာဖြစ်ပွားနေတဲ့ ပဋိပက္ခနဲ့ပတ်သက်ပြီးပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်ရေးဆွေးနွေးပွဲမှာ ရလဒ်ကောင်းတွေ ရရှိခဲ့ဟု တရုတ်အစိုးရပြော

ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၁၁

မြန်မာနိုင်ငံမြောက်ပိုင်းမှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်ခဲ့ရာ အပြုသဘောဆောင်တဲ့ရလဒ်ကောင်းတွေရရှိခဲ့ကြောင်း တရုတ်အစိုးရ ကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်းမှာ ပြီးခဲ့တဲ့ အောက်တိုဘာလနောက်ပိုင်းတည်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တပ်မတော်ကြား တိုက်ပွဲများဖြစ်ပွားခဲ့ရာ ဒေသခံအများအပြား နေရပ်စွန့်ခွာခဲ့ရကြောင်း သိရပါတယ်။ 


တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာအိုနင်က "မြန်မာနိုင်ငံမြောက်ပိုင်းမှာဖြစ်ပွားနေတဲ့ ပဋိပက္ခ နဲ့ပတ်သက်ပြီး အဖွဲ့စည်းတွေ ငြိမ်းချမ်းရေးဆွေးနွေးခဲ့တာတွေ့မြင်ရတော့ ပျော်ရွှင်မိပါတယ်။ ဆွေးနွေးမှုမှာ အပြုသဘောဆောင်တဲ့ရလဒ်တွေ ရရှိခဲ့တယ်။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး ကူညီထောက်ပံ့ပေးမှုတွေ ဆက်လက်လုပ်ကိုင်သွားမယ်။ ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲ အဆုံးအထိ စီစဉ်ဆောင်ရွက်ပေးသွားမယ်" လို့ ပြောပါတယ်။

ဒါ့အပြင် ၎င်းက "မြန်မာနိုင်ငံ မြောက်ပိုင်းမှာဖြစ်ပွားနေတဲ့အခြေနေတွေ ဖြေလျော့နိုင်ဖို့ မြန်မာနိုင်ငံရှိ အဖွဲ့အစည်း အားလုံး စိတ်ဝင်စားနေတယ်။ တရုတ်-မြန်မာနယ်စပ်တစ်လျှောက် တည်ငြိမ်ရေးကို ထိန်းသိမ်းနိုင်အောင် လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ထားတယ်" လို့ ပြောပါတယ်။\


ပြီးခဲ့တဲ့ အောက်တိုဘာလနောက်ပိုင်းက ရခိုင်လက်နက်ကိုင်အဖွဲ့၊ တအောင်းလက်နက်ကိုင်အဖွဲ့၊ ကိုးကန့် လက်နက်ကိုင်အဖွဲ့တွေဟာ တပ်မတော်စခန်းတွေကို စတင်တိုက်ခိုက်ခဲ့ပြီးနောက်တိုက်ပွဲတွေ စတင်ဖြစ်ပွားလာခဲ့ ကြောင်း သိရပါတယ်။ မြန်မာနိုင်ငံမြောက်ပိုင်းဒေသဖြစ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲများ စတင်ဖြစ်ပွား ခဲ့ပြီးနောက် မြန်မာနိုင်ငံအတွင်း တိုက်ပွဲဖြစ်ပွားမှု အရှိန်မြင့်တက်လာခဲ့ပြီး တိုက်ပွဲဖြစ်ပွားမှုတွေဟာ နိုင်ငံ အရှေ့ပိုင်းနဲ့အနောက်ပိုင်းအထိ ပျံ့နှံ့လာခဲ့ရာ လူပေါင်း ၅ သိန်းကျော် နေရပ်စွန့်ခွာခဲ့ရကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားပါတယ်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ကမ္ဘာ့အချမ်းသာဆုံး မိသားစုဝင်များစာရင်းတွင် ယူအေအီးသမ္မတ၏ မိသားစု ထိပ်ဆုံးတွင် ရပ်တည်

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved