လာမည့်ဇန်နဝါရီလ အပြောင်းအရွှေ့ကာလတွင် နောက်ထပ်ကစားသမားအသစ်များ ခေါ်ယူရန် ချဲလ်ဆီးနည်းပြ ပိုချက်တီနို တောင်းဆို
Pika (NSS) - ဒီဇင်ဘာ ၁၁
ချဲလ်ဆီးအသင်းသည် လာမည့်ဇန်နဝါရီလအပြောင်းအရွှေ့ကာလတွင် နောက်ထပ်ကစားသမားအသစ်များကို ခေါ်ယူရန်လိုအပ်ကြောင်း ချဲလ်ဆီးနည်းပြပိုချက်တီနိုက ထုတ်ဖော်ပြောဆိုခဲ့သည်၊၊
ချဲလ်ဆီးအသင်းသည် ပြီးခဲ့သည့်ရာသီ(၂)ခုတွင် အပြောင်းအရွှေ့ကိစ္စများအတွက် ပေါင်(၁)ဘီလျံခန့် သုံးစွဲထား သော်လည်း နည်းပြပိုချက်တီနိုက ယခုကဲ့သို့တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ချဲလ်ဆီးအသင်းသည် အဲဗာတန်အသင်းနှင့် ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်ကို (၂)ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ်ခဲ့ပြီးနောက် ပိုချက်တီနို၏ တောင်းဆိုမှုထွက်ပေါ်လာခြင်းဖြစ်သည်။
ချဲလ်ဆီးအသင်းသည် လက်ရှိအချိန်အထိ ပရီးမီးယားလိဂ်ပြိုင်ပွဲ(၁၆)ပွဲ ကစားထားပြီး ရမှတ်(၁၉)မှတ်ခြင့် အမှတ်ပေးဇယားတွင် အဆင့်(၁၂)နေရာမှာ ရပ်တည်နေကြောင်း သိရသည်။ ချဲလ်ဆီးနည်းပြ ပိုချက်တီနိုသည် လက်ရှိပရီးမီးယားလိဂ်ရာသီတွင် (၅)ပွဲသာ အနိုင်ရရှိထားကြောင်းလည်း သိရသည်။
ပိုချက်တီနိုက "ဒါဟာ ကစားဖို့နဲ့ အနိုင်ရရှိဖို့ ကစားရတဲ့ ဂိမ်းတစ်ခုပါ။ ဒါက ကျွန်တော်တို့ စစ်ဆေးရမယ့် ပြဿနာ တစ်ခုပါ။ လက်တွေ့နဲ့ အဖြစ်မှန်ကို ကျွန်တော်တို့ခွဲခြမ်းစိတ်ဖြာဖို့ လိုအပ်ပါတယ်။ လာမယ့် အပြောင်းအရွှေ့ကာလ မှာ ကျွန်တော်တို့ဆွေးနွေးမှုတွေနဲ့ တိုးတက်မှုတွေရှိအောင် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်" ဟု ပြောခဲ့သည်။
ထို့အပြင် အဲဗာတန်အသင်းကို (၂)ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲစဉ်နှင့်ပတ်သက်ပြီး ပိုချက်တီနိုက မှတ်ချက်ပြု ပြောဆိုခဲ့ကြောင်းလည်း သိရသည်။ ပိုချက်တီနိုက "ကျွန်တော်တို့ ဒီထက်ပိုပြီး တိုးတက်အောင်လုပ်ဖို့ လိုအပ်တယ် လို့ ထင်ပါတယ်။ ကျွန်တော်တို့ ကစားပွဲကို အနိုင်ရရှိချင်တယ်ဆိုရင် ဂိုးသွင်းနိုင်ဖို့ လိုအပ်ပါတယ်။ ချဲလ်ဆီးအသင်း ကစားသမားတွေဟာ အဲဗာတန်လို အရမ်းကောင်းတဲ့အသင်းတစ်သင်းကို အကောင်းဆုံး ယှဉ်ပြိုင်ကစားနိုင်ခဲ့ ပါတယ်။ ကျွန်တော်တို့ အဲဗာတန်အသင်းထက် အများကြီးပိုကောင်းခဲ့ပြီး နိုင်ပွဲရရှိခဲ့ဖို့ ထိုက်တန်ပါတယ်။ ဒါပေမယ့် အရေးအကြီးဆုံးကတော့ ဂိုးသွင်းယူဖို့ လိုအပ်တာပါ" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံမြောက်ပိုင်းမှာဖြစ်ပွားနေတဲ့ ပဋိပက္ခနဲ့ပတ်သက်ပြီးပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်ရေးဆွေးနွေးပွဲမှာ ရလဒ်ကောင်းတွေ ရရှိခဲ့ဟု တရုတ်အစိုးရပြော
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း