နိုင်ငံရေးဖြင့် ဖြေရှင်းရန် ရှမ်းမြောက်ဒေသ၌ တိုက်ပွဲဖော်ဆောင်သော မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့ နှင့် နစက၏ NSPNC တို့ တရုတ်တွင်တွေ့ဆုံ
မျိုးကြီး (NSS) - ဒီဇင်ဘာ ၁၁
နိုင်ငံရေးဖြင့် ဖြေရှင်းရန် ရှမ်းမြောက်ဒေသ၌ တိုက်ပွဲဖော်ဆောင်သော မြောက်ပိုင်းမဟာ မိတ်(၃)ဖွဲ့နှင့် နစက၏ NSPNC တို့ တရုတ်နိုင်ငံ၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံအမျိုးသားစည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးဖောင်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)မှ တာဝန်ရှိသူများနှင့် MNDAA၊ TNLA၊ AA အဖွဲ့တို့မှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲအား တရုတ်နိုင်ငံ၏ အကူအညီဖြင့် နိုင်ငံရေးအရ ဖြေရှင်းနိုင်ရန်အတွက် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
“ဒီဆွေးနွေးမှုအပေါ်မှာမူတည်ပြီး တိုးတက်မှုအခြေအနေပေါ်မှာမူတည်ပြီး ဒီလကုန်ခန့်မှာလည်း ထပ်မံဆွေးနွေးသွားဖို့ရှိကြောင်း ပြောကြားလိုပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
နစက၏ NSPNC နှင့် မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့ကြား တွေ့ဆုံဆွေးနွေးမှုသည် အပြု သဘောဆောင်သည့် ရလဒ်များရရှိခဲ့သည်ဟု တရုတ်အစိုးရဘက်က ထုတ်ဖော်ပြောဆိုထားသည်။
ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA ဦးဆောင်သော TNLA၊ AA မဟာမိတ်(၃)ဖွဲ့သည် ပြီးခဲ့သော အောက်တိုဘာလ ၂၇ ရက် မှစတင်ကာ (၁၀၂၇ စစ်ဆင်ရေး)အမည်ဖြင့် ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းဒေသများရှိ လုံခြုံရေးစခန်းများကို အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
“ရှမ်းမြောက်မှာဖြစ်တဲ့ ၁၀၂၇ ရဲ့ လှိုင်းဟာ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ ရခိုင်ထိလည်း ရောက်တယ်ထင်တယ်။ ကချင်နဲ့ စစ်ကိုင်းကြားလည်း ရောက်တာပါပဲ။ အဲဒီတော့ ကယားလည်း ရောက်နိုင်တယ်လေ။ အဖြေတစ်ခုရအောင် ညှိနှိုင်းနိုင်ကြရင်တော့ဖြင့် အားလုံးအတွက် ကောင်းတာပေါ့” ဟု ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က NP News ကို သုံးသပ်ပြောကြားသည်။
အဆိုပါစစ်ဆင်ရေးအတွင်း၌ မဟာမိတ်(၃)ဖွဲ့နှင့်အတူ PDF အဖွဲ့များကလည်း ပူးပေါင်းတိုက်ခိုက်မှုများရှိခဲ့ပြီး တပ်မတော်လုံခြုံရေးစခန်းများအနေဖြင့်လည်း လုံခြုံရေးအခြေအနေများအရ ဆုတ်ခွာပေးခဲ့ရသည့်အခြေအနေများရှိခဲ့သည်။
ယနေ့(ဒီဇင်ဘာလ ၁၁ ရက်)တွင်လည်း ရှမ်းပြည်နယ် လားရှိုးမြို့တစ်ဝိုက်နှင့် လောက်ကိုင်မြို့တစ်ဝိုက်တွင် ပစ်ခတ်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများက NP News ကို အသိပေးကြားထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လှိုင်သာယာမြို့နယ်ရှိ USDP ရုံးအနီးတွင် အသံဗုံးပေါက်ကွဲမှုဖြစ်ပွား
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ