လှိုင်သာယာမြို့နယ်ရှိ USDP ရုံးအနီးတွင် အသံဗုံးပေါက်ကွဲမှုဖြစ်ပွား
Pearl (NSS) - ဒီဇင်ဘာ ၁၁
လှိုင်သာယာမြို့နယ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)ရုံးအနီးတွင် အသံဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့ (ဒီဇင်ဘာလ ၁၁ ရက်)၊ နေ့လည် (၂)နာရီခန့်တွင် ရန်ကုန်တိုင်း ၊ လှိုင်သာယာမြို့နယ်၊ ထီးလှိုင်ရှင်အိမ်ရာ ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လှိုင်သာယာ (အရှေ့ပိုင်းမြို့နယ်) ရုံးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ ပါတီရုံးအနီးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ အသံဗုံးပေါက်ကွဲခြင်းသာဖြစ်ကြောင်း သိရသည်။
"အသံဗုံးပေါက်တာပါ။ ထိခိုက်မှုမရှိပါဘူး"ဟု လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက NSS ကို ပြောသည်။
ပေါက်ကွဲမှုကြောင့် လူ နှင့် အဆောက်အဦးထိခိုက်မှုမရှိကြောင်းသိရပြီး လက်ရှိတွင် လုံခြုံ ရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါပေါက်ကွဲမှုဖြစ်စဉ်အား DarkShadow အဖွဲ့နှင့် မဟာမိတ် GOD/ မြို့ပြတော်လှန်ရေး အင်အားစုတို့ပူးပေါင်း၍ အဝေးထိန်းစနစ်အသုံးပြုပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်ကိုတွေ့ရသည်။
DarkShadow အဖွဲ့သည် ပြီးခဲ့သည့် ဒီဇင်ဘာလ ၉ ရက်တွင်လည်း Waterzonic EDM ဖျော်ဖြေပွဲ ကျင်းပနေသော တာမွေမြို့နယ်ရှိ ရွှေထွဋ်တင်ကွင်းအနီးတွင် ဗုံးဖောက်ခွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တောင်တရုတ်ပင်လယ်အတွင်း ထိပ်တိုက်ရင်ဆိုင်မှုများဖြစ်ပွားခဲ့ပြီးနောက် တရုတ်သံတမန်ကို ဖိလစ်ပိုင်အစိုးရ ဆင့်ခေါ်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း