နိုင်ငံခြားရေးဝန်ကြီးနှင့် တရုတ်ကွန်မြူနစ်ပါတီ ယူနန်ပြည်နယ်ပါတီကော်မတီ ဒုတိယအတွင်းရေးမှူးတို့ ကူမင်းမြို့၌ တွေ့ဆုံ
မြူနစ် (NSS) - ဒီဇင်ဘာ ၁၁
နိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေနှင့် တရုတ်ကွန်မြူနစ်ပါတီ ယူနန်ပြည်ပါတီကော်မတီ ဒုတိယအတွင်းရေးမှူးမစ္စတာရှီယွီကန်းတို့သည် ကူမင်းမြို့၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။
ဦးသန်းဆွေနှင့် မစ္စတာရှီယွီကန်းတို့သည် ယခုရက်ပိုင်းအတွင်း တရုတ်နိုင်ငံ၊ ကူမင်းမြို့ရှိ ဟိုင်ကန်ဥယျာဉ်ဟိုတယ်၌ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း နစကဘက်က သတင်းထုတ်ပြန်ထားသည်။
ထိုသို့တွေ့ဆုံရာ၌ မြန်မာနိုင်ငံ နှင့် ယူနန်ပြည်နယ်အပါအဝင် တရုတ်နိုင်ငံအကြား နယ်စပ်ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု နှင့် အကျိုးတူပူးပေါင်းဆောင် ရွက်မှုများကို ဆက်လက်အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားရန် နှစ်ဖက်အကြား ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်တစ်လျှောက် တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး နှင့် တည်ငြိမ်းအေးချမ်းရေးအတွက် ပိုမိုထိရောက်စွာပူးပေါင်းဆောင်ရွက်သွားရန်လည်း နှစ်ဖက်အကြား ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သော အောက်တိုဘာလ ၂၇ ရက်မှစတင်ကာ မြန်မာ-တရုတ်နယ်စပ်တစ်လျှောက်တွင် MNDAA ဦးဆောင်မဟာမိတ်(၃)ဖွဲ့ နှင့် တပ်မတော်တို့ကြားတွင် တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ပြီးနောက် နယ်စပ်ကုန်သွယ်မှုလုပ်ငန်းများမှာ ရပ်တန့်နေလျက်ရှိသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စင်ကာပူရောက်မြန်မာနိုင်ငံသားများအနေဖြင့် ဝင်ငွေခွန်ထမ်းဆောင်မှသာ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးပေးမည်ဟု မြန်မာသံရုံးအသိပေး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ